1. Songs

96. သမားတော်ကြီးကျူး

Myanmar Hymn

Verse 1

သမားတော်ကြီး သင့်နားနီးသည်၊ ကြင်နာသော ယေရှုရှင်ပေ၊

ညိုးနွမ်းစိတ်ကို ဝမ်းမြောက်စေ၏၊ ယေရှုခေါ်သံနားထောင်လေ။

Chorus 1

ကောင်းကင်သား ချီးမွမ်းမြွက်ဆို၊ နာမတော်မြတ်ကို အေးကျူး၊

ဆိုရာသီချင်း လွန်သာချို၊ မင်္ဂလာရှိ ယေရှု။

Verse 2

သင်၏ ပြစ်များ ဖြေလွှတ်ဆေးကြော၊ ခေါ်သံတော်မြတ်ကို နားထောင်၊

ကောင်းကင်လမ်းငြိမ်သက်စွာ သွားလော့၊ ယေရှုနှင့် သရဖူဆောင်း။

Chorus 3

ကောင်းကင်သား ချီးမွမ်းမြွက်ဆို၊ နာမတော်မြတ်ကို အေးကျူး၊

ဆိုရာသီချင်း လွန်သာချို၊ မင်္ဂလာရှိ ယေရှု။

Verse 4

ထမြောက်သိုးငယ်ဘုန်းကြီးစေသော ယေရှုကို ကျွန်ုပ် ယုံကြည်၊

ကယ်ချွတ်ပိုင်ရှင်၏ နာမတော် ကျွန်ုပ် အလွန်မြတ်နိုး၏။

Chorus 5

ကောင်းကင်သား ချီးမွမ်းမြွက်ဆို၊ နာမတော်မြတ်ကို အေးကျူး၊

ဆိုရာသီချင်း လွန်သာချို၊ မင်္ဂလာရှိ ယေရှု။

Verse 6

ယေရှုရှင်ကို ဖူးမြင်အံ့ငှာ၊ ထက်ကောင်းကင်သို့ တက်သောခါ၊

မေတ္တာပလ္လင်တော်နား ဝိုင်းလာ၊ ချီးမြှောက်ဆိုမည် မြတ်နာမ။

Chorus 7

ကောင်းကင်သား ချီးမွမ်းမြွက်ဆို၊ နာမတော်မြတ်ကို အေးကျူး၊

ဆိုရာသီချင်း လွန်သာချို၊ မင်္ဂလာရှိ ယေရှု။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs