1. Songs

78. ကောင်းကင်တမန်သီချင်း

Myanmar Hymn

Verse 1

သိုးထိန်းတို့သည် သိုးကို စောင့်လျက်၊ မြေပေါ်မှာ ထိုင်နေခါ၊

ကောင်းကင်တမန်ထင်ရှား ဆင်းသက်၊ တန်ခိုးဖြင့် ထွန်းတောက်ကြ။

Verse 1

မကြောက်ကြလင့်၊ မြေကြီးသားများ၊ ဝမ်းမြောက်ဖွယ်ရာ သတင်း၊

သင်တို့ရှိရာ ဆောင်ခဲ့ရောက်လာ၊ ရွှင်မြူးဂုဏ်တော် ချီးမြှင့်။

Verse 2

ဒါဝိဒ်မြို့တွင် ယနေ့၌လျှင်၊ ဒါဝိဒ်အမျိုးအနွယ်၊

ကယ်တင်အရှင် ခရစတော်ပင် ဖွားမြင်ပြီ မြတ်သူငယ်။

Verse 3

အဝတ်နှင့် ပတ်ရစ်လျက် သိပ်၍ စားကျင်းတွင် လျောင်းစက်ခေါ်၊

သင်တို့ ယခုသွား၍ ရှာဖွေဖူးတွေ့မည် သူငယ်တော်။

Verse 4

ကောင်းကင်တမန် ဤသို့ဆိုခါ၊ ထင်ရှားရောင်ဝါ ဗိုလ်ခြေ၊

မြတ်ဘုန်းတော် ထောမနာပြုကြ ဘုရားရှင်ချီပင့်လေ။

Verse 5

ထက်နေဘုရား ဘုန်းကြီးစေသော၊ မြေပေါ်၌ ငြိမ်သက်မြဲ၊

ကိုယ်တော်သနားခြင်း မေတ္တာတော်၊ လူများပေါ် ရောက်မစဲ။ (အာမင်)

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs