1. Songs

၄၃။ ကောင်းဆုံးမိတ်ဆွေကျူး

Myanmar SDA Hymnal

Verse 1

ယေရှုသည်ကောင်းဆုံးမိတ်ဆွေတည်း၊

ရွှင်လန်းသက်ရှင်စေသည်၊ နေ့စဉ်ခွန်အား၊

ထံတော်မှရ၊ ကိုယ်တော်ပါမှပြီးရာ။

ဝမ်းနည်းသောခါ၊ ထံတော်ချဉ်းကပ်၊

အခြားမိတ်ဆွေမကယ်နိုင်ပါ၊ ကိုယ်တော်ရှင်သာ၊

ဝမ်းမြောက်စေသည်၊ မိတ်ဆွေတည်း။

Verse 1

ယေရှုသည်ကောင်းဆုံးမိတ်ဆွေတည်း၊

ဒုက္ခမှကယ်မသည်၊ ကောင်းချီးခံရန်၊

ထံတော်ချဉ်းကပ်၊ ထပ်မံ၍ပေးဦးမည်။

နေအလင်းနှင့်မိုးရေကိုပေး၊

ကောက်ပဲသီးနှံကြွယ်ဝစွာကျွေး၊ နေလင်း၊

မိုးရေ၊ သီးနှံပေးသည်၊ မိတ်ဆွေတည်း။

Verse 2

ယေရှုသည်ကောင်းဆုံးမိတ်ဆွေတည်း၊

ကျွန်ုပ်အမှန်ချစ်မည်၊ ဤမျှချစ်သော၊

မိတ်ဆွေစစ်ကို၊ ဘယ်ခါမျှမပယ်လို၊

လမ်းမှန်လျှောက်ရန်ကိုယ်တော်နောက်လိုက်၊

နေ့ညမပြတ်စောင့်ရှောက်စဉ်ခိုက်၊

နောက်တော်သို့လိုက်၊ အစဉ်တစိုက်၊ မိတ်ဆွေတည်း။

Verse 3

ယေရှုသည်ကောင်းဆုံးမိတ်ဆွေတည်း၊

ခြားမိတ်ဆွေမလိုပြီ၊ ကိုယ်တော်ကိုသာ၊

ယုံကြည်အားကိုး၊ အသက်ဆုံးသည်တိုင်အောင်။

ကောင်းဆုံးမိတ်ဆွေနှင့်စဉ်ပျော်နေ၊

ထိုအသက်တာမဆုံးနိုင်လေ၊ ထာဝရသက်၊

ဝမ်းမြောက်စဉ်ဆက်၊ မိတ်ဆွေတည်း။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs