1. Songs

၁၈၁။ ကိုယ်တော်ကိုချစ်နိုင်မည်ကျူး

Myanmar SDA Hymnal

Verse 1

ကိုယ်တော်ကိုချစ်နိုင်မည်၊ ခရစ်တော်ရှင်၊

စိတ်ပါလျက်နှင့်တောင်းသည်၊ နားညောင်းသခင်၊

ဤပတ္ထနာမပြတ်၊ အစဉ်လျှောက်မည်ရှင်မြတ်၊

ကိုယ်တော်ကိုသာ၊ ချစ်စေမူပါ။

Verse 1

လောကီပျော်မွေ့ခြင်းသာ၊ အထက်လိုလေ၊

ခန္ဓာအကျိုးကိုရှာ၊ ဝိညာဉ်ကိုမေ့၊

ယခုထိုသို့မဟုတ်၊ အပြစ်ရွံရှာစက်ဆုပ်၊

ကိုယ်တော်ကိုသာ၊ ချစ်စေမူပါ။

Verse 2

ဒုက္ခခံစေလျှင်လည်း၊ မညည်းမတွား၊

အလိုတော်နှင့်အညီ၊ ဖြစ်စေမြတ်စွာ၊

ထိုဒုက္ခအားဖြင့်လည်း၊ အကျိုးတိုးပွားနိုင်မည်၊

ကိုယ်တော်ကိုသာ၊ ချစ်စေမူပါ။

Verse 3

ထိုသို့ပြုပြင်မူလျှင်၊ မြတ်စွာဘုရား၊

နောက်ဆုံးရှုလျက်သက်ညင်း၊ ဝမ်းမြောက်အားရ၊

သက်ချုပ်နေစဉ်တွင်ပင်၊ ဆုတောင်းဦးမည်ပျော်ရွှင်၊

ကိုယ်တော်ကိုသာ၊ ချစ်စေမူပါ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs