1. Songs

၁၆၂။ ဘေးကင်း၍ဥပုသ်ပြန်လာကျူး

Myanmar SDA Hymnal

Verse 1

ကျေးဇူးရှင်ပို့ဆောင်သောကြောင့်၊

ဘေးကင်း၍ဥပုသ်ပြန်လာ။

ဤနေ့မှာဆုတောင်းရအောင်၊

ဗိမာန်တော်၌စည်းဝေးပါ။

နေ့အပေါင်းတို့တွင်ကောင်းဆုံး၊

ထာဝရငြိမ်သက်ခြင်းပုံ။

နေ့အပေါင်းတို့တွင်ကောင်းဆုံး၊

ထာဝရငြိမ်သက်ခြင်းပုံ။

Verse 1

ရွေးနုတ်ရှင်အမှီြုပပေ၊

ပြစ်လွှတ်ခြင်းခွင့်ရှာစဉ်ခါ။

မျက်နှာတော်ပြတော်မူလေ၊

ရှက်ကြောက်ဖွယ်ရာများပယ်ရှား။

ဤနေ့၌သောကကင်းစင်၊

ကိုယ်တော်မြတ်ငြိမ်သက်ခြင်းရှင်။

ဤနေ့၌သောကကင်းစင်၊

ကိုယ်တော်မြတ်ငြိမ်သက်ခြင်းရှင်။

Verse 2

နာမတော်ချီးမွမ်းရအောင်၊

ဗိမာန်တော်၌စုသောခါ။

ကိုယ်တော်သည်ဧကန်ရှိကြောင်း၊

ဘုန်းတော်ဖြင့်ထင်ရှားစေပါ။

ထာဝရကောင်းကျိုးချမ်းသာ၊

သည်မှာမြည်းစမ်းချင်ဘုရား။

ထာဝရကောင်းကျိုးချမ်းသာ၊

သည်မှာမြည်းစမ်းချင်ဘုရား။

Verse 3

ဝမ်းမြောက်ဖွယ်သတင်းတရား၊

ဆိုးသူကောင်းသူနာသဖြင့်။

ကျေးဇူးတော်အမျိုးမျိုးပွား၊

ဆင်းရဲဒုက္ခများပယ်ရှင်း။

ထိုသို့ဥပုသ်စောင့်ကြကုန်၊

ကောင်းကင်ဘုံရောက်မှလမ်းဆုံး။

ထိုသို့ဥပုသ်စောင့်ကြကုန်၊

ကောင်းကင်ဘုံရောက်မှလမ်းဆုံး။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs