1. Songs

၇၁။ ချီးမွမ်းကျူး

Myanmar SDA Hymnal

Verse 1

ချီးမွမ်း၊ ချီးမွမ်း၊ ကျွန်ုပ်တို့၏ကယ်တင်ပိုင်ရှင်၊

လူအပေါင်းတို့မေတ္တာတော်ကိုကြွေးကြော်။

ဘုန်းအာနုဘော်ကိုယ်တော်၌မြဲရှိပါစေသော်၊

ကောင်းကင်တမန်မင်းများတို့ပြောကြလော့။

သိုးထိန်းကဲ့သို့ယေရှုသည်သူငယ်များအား၊

တစ်နေ့လုံးလက်တော်နှင့်ပွေ့ဆောင်ပို့လို။

Chorus 1

ချီးမွမ်း၊ ချီးမွမ်း၊

ဂုဏ်သရေအကြောင်းကိုပြောပါ၊

ချီးမွမ်း၊ ချီးမွမ်း၊ စဉ်မပြတ်သီချင်းဆို။

Verse 2

ချီးမွမ်း၊ ချီးမွမ်း၊ ကျွန်ုပ်တို့၏ကယ်တင်ပိုင်ရှင်၊

ကိုယ်တော်မြတ်သည် လက်ဝါးကပ်တိုင်ပေါ်မှာ။

ကျွန်ုပ်တို့၏ပြစ်များကြောင့်ခံထိုက်သောဒဏ်ပင်၊

ခံတော်မူကာအမှန်ကယ်တင်မူရှာ။

ကျွန်ုပ်တို့ဝမ်းနည်းကြေကွဲခြင်းဆောင်မူရှာ၊

ချီးမွမ်း၍မကုန်မေတ္တာတော်ဂုဏ်ကို။

Chorus 3

ချီးမွမ်း၊ ချီးမွမ်း၊

ဂုဏ်သရေအကြောင်းကိုပြောပါ၊

ချီးမွမ်း၊ ချီးမွမ်း၊ စဉ်မပြတ်သီချင်းဆို။

Verse 4

ချီးမွမ်း၊ ချီးမွမ်း၊ ကျွန်ုပ်တို့၏ကယ်တင်ပိုင်ရှင်၊

ကောင်းကင်ဘုံမှာနာမတော်ချီးမွမ်းကြ။

စဉ်မပြတ်အုပ်စိုးတော်မူမည်ယေရှုသခင်၊

သရဖူကိုခေါင်းတော်ပေါ်မှာဆောင်းရ။

ရန်သူတို့ကိုအောင်ခြင်းငှါကိုယ်တော်ကြွလာ၊

ဘုန်းတန်ခိုးကိုယ်တော်၌တည်စေသတည်း။

Chorus 5

ချီးမွမ်း၊ ချီးမွမ်း၊

ဂုဏ်သရေအကြောင်းကိုပြောပါ၊

ချီးမွမ်း၊ ချီးမွမ်း၊ စဉ်မပြတ်သီချင်းဆို။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs