1. Songs

၁၀၉။ ကိုယ်တော်နှင့်ကျွန်ုပ်ဆိုင်သောကြောင့် ချစ်ပါသည်ကျူး

Myanmar SDA Hymnal

Verse 1

ကိုယ်တော်နှင့်ကျွန်ုပ်ဆိုင်သောကြောင့်ချစ်ပါသည်။

ပြစ်ပျော်မွေ့ခြင်းမျိုးမျိုးကိုယ်တော်ဖို့စွန့်မည်။

ကိုယ်တော်မြတ်သည်ကျွန်ုပ်၏ကယ်ချွတ်ရှင်ပေ။

ကိုယ်တော်ကိုချစ်ဖူးလျှင်ယခုပင်ဖြစ်ချေ။

Verse 1

အလျင်ကျွန်ုပ်အားချစ်သောကြောင့်ချစ်ပါသည်။

တိုင်ပေါ်တွင်ကျုပ်တွက်ပြစ်လွှတ်ရန်သေခံပြီ။

ဆူးရစ်ကိုဆောင်းသောကြောင့်ကိုယ်တော်ကိုချစ်ပေ။

ကိုယ်တော်ကိုချစ်ဖူးလျှင်ယခုပင်ဖြစ်ချေ။

Verse 2

သက်ရှင်စဉ်ချစ်မည်သေသည့်တိုင်အောင်ချစ်မည်။

သက်ရှူခွင့်ရသမျှကာလချီးမွမ်းမည်။

သေချိန်ရောက်လုနီးသောအခါမြွက်ဆိုစေ။

ကိုယ်တော်ကိုချစ်ဖူးလျှင်ယခုပင်ဖြစ်ချေ။

Verse 3

အစဉ်ဝမ်းမြောက်ဖွယ်ရာပြင်ထားအိမ်တော်မှာ။

ကောင်းကင်တွင်ကိုယ်တော်ကိုကိုးကွယ်မည်မှန်ပါ။

သရဖူကိုဆောင်းလျက်သီးချင်းအေးကျူးမည်။

ကိုယ်တော်ကိုချစ်ဖူးလျှင်ယခုပင်ဖြစ်ချေ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs