1. Songs

109. ယေရှုကို ချီးမြှောက်ကျူး

Myanmar Hymn

Verse 1

ယေရှုအိုမင်္ဂလာနာမ၊ ကောင်းကင်မြေပေါ်၊ မြေအောက်၊

ဝေနေသတ္တဝါ ရှိသမျှ ထိုနာမအား ဒူးထောက်။

Verse 1

ဘုရားသဏ္ဍာန်တော်နှင့် ပြည့်စုံ၊ ဘုရားတုဘက်ဖြစ်ရာ၊

မြတ်ဘုန်းတော်ကို စွန့်ပယ် လွှမ်းခြုံ၊ ကျွန်သဏ္ဍာန်ကို ယူလာ။

Verse 2

လူ၏ အဖြစ်ယူပြီး ဖြစ်သော်၊ လူတို့အတွက် အတာ၊

ယုတ်ညံ့လက်ဝါးကပ်တိုင်အပေါ်၊ အသက်တော်စွန့်တကား။

Verse 3

ထို့ကြောင့် ခမည်းတော်အား နူးညွတ်၊ ထိုမျှ နှိမ့်ချလူအား၊

နာမတကာတို့ထက် ဘွဲ့မြတ်၊ ပေးတင် အထွဋ်မြှောက်ထား။

Verse 4

ယေရှုယေရှု အိုမြတ်နာမ၊ ကောင်းကင်မြေပေါ်၊

မြေအောက် ဝေနေသတ္တဝါ ရှိသမျှ၊ ထိုနာမအား ဒူးထောက်။

Verse 5

၁၀၉ (က) ယေရှုနှင့် လျှောက်သွားကျူး

ယေရှုနှင့် လျှောက်သွား၊ နေ့စဉ်နှင့်အမျှ၊

လမ်းဆုံးရောက်သည်တိုင်၊

ယေရှုနှင့် လျှောက်သွား၊ ယေရှုရှင်နှင့် လျှောက်မည်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs