1. Songs

၁၂၂။ ယေရှုသာလျှင်အလိုဖြည့်နိုင်ကျူး

Myanmar SDA Hymnal

Verse 1

အိုယေရှုရှင်၊ ကျွန်ုပ်ဝိညာဉ်၊

ကိုယ်တော်မြတ်အားဖြင့်သာ၊

ကြာမြင့်စွာရှာသောဝမ်းသာခြင်း၊

နှစ်သိမ့်ခြင်းတွေ့ရပါ။

Chorus 1

ယေရှုအပြင်ခုဘယ်သူမျှ၊

အလိုမဖြည့်စေနိုင်။

ချစ်ခြင်း၊ အသက်၊ မြဲရွှင်မြူးရာ၊

ကိုယ်တော်အားဖြင့်ရပြီ။

Verse 2

စိတ်ချမ်းသာခြင်းကိုရှာစဉ်တွင်၊

ကိုယ်တော်ကိုမေ့လျော့သည်၊

ကယ်တင်ရှင်မြတ်ကိုငြင်းပယ်စဉ်

မေတ္တာတော်သွေးဆောင်၏။

Chorus 3

ယေရှုအပြင်ခုဘယ်သူမျှ၊

အလိုမဖြည့်စေနိုင်။

ချစ်ခြင်း၊ အသက်၊ မြဲရွှင်မြူးရာ၊

ကိုယ်တော်အားဖြင့်ရပြီ။

Verse 4

လောကီစည်းစိမ်၊ နှစ်သက်ခြင်းဖြင့်၊

ကျွန်ုပ်စိတ်အေးစိမ့်ငှါ၊

အထူးသဖြင့်ကြိုးစားစဉ်တွင်၊

စိတ်ပျက်ခြင်းသာတွေ့ရ။

Chorus 5

ယေရှုအပြင်ခုဘယ်သူမျှ၊

အလိုမဖြည့်စေနိုင်။

ချစ်ခြင်း၊ အသက်၊ မြဲရွှင်မြူးရာ၊

ကိုယ်တော်အားဖြင့်ရပြီ။

Verse 6

ယေရှုချစ်ဖွယ်ကောင်းခြင်းဖူးရန်၊

ကျေးဇူးမခံမီက၊

ပျောက်သောပျော်မွေ့ခြင်းစိတ်စွဲလမ်း၊

ကိုယ်တော်ကိုမတောင့်တ။

Chorus 7

ယေရှုအပြင်ခုဘယ်သူမျှ၊

အလိုမဖြည့်စေနိုင်။

ချစ်ခြင်း၊ အသက်၊ မြဲရွှင်မြူးရာ၊

ကိုယ်တော်အားဖြင့်ရပြီ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs