1. Songs

1. အိမ်ထောင်လုံးနံနက် သီချင်း

Myanmar Hymn

Verse 1

လာကြလော့၊ အိမ်သူအိမ်သားများ၊ ကျေးဇူးတော် အောက်မေ့ကြစို့။

အနန္တမဟာ ကရုဏာ၊ စုရုံးလျက်သီချင်းသံချို၊

ဤနံနက်ခါ၊ ဤနံနက်ခါ ပြိုင်လျက် သီဆိုကြကုန်စို့။

Verse 1

ကောင်းကင်နှင့်မြေကြီးအရာကို၊ ဖန်ဆင်းသော ဘုရားရှင်၊

ကျွန်တို့ဆင်းရဲသော နေရာသို့၊ ကြွလာပါမည်လော သခင်၊

အိုကျေးဇူးရှင် အိုကျေးဇူးရှင်၊ ကြွလာတော်မူပါသခင်။

Verse 2

ရှေးကာလ၌ မိုက်မဲခြင်းဖြင့်၊ ဖုံးလွှမ်းလျက်နေကြပါပြီ၊

ဘုန်းနှင့်ပြည့်စုံသော ကယ်တင်ခြင်း၊ ရှေးကာလမကြားမသိ၊

ထိုကယ်တင်ခြင်း၊ ထိုကယ်တင်ခြင်း၊ ၀မ်းမြောက်ဖွယ်သတင်းဖြစ်၏။

Verse 3

ယေရှု၏ အသွေးတော်အားဖြင့်၊ တို့အပြစ်များကို ဖြေရှင်း၊

အားနည်းသောသူကို ကယ်မခြင်း၊ ပေးသနား အိုကျေးဇူးရှင်၊

ကောင်းကင်ဘုံ၌ ကောင်းကင်ဘုံ၌ စုဝေးခြင်းပေးပါ၊ အာမင် (အာမင်)

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs