1. Songs

75. လာကြပါ တပည့်တော်များ ကျူး

Myanmar Hymn

Verse 1

ရွှင်လန်းဝမ်းမြောက်ဝမ်းသာ၊ သစ္စာစောင့်သူများလာ

ဗက်လင်မြို့တော်သို့ အားလုံးသွားကြကုန်စို့၊

ကောင်းကင်ဘုရင် သားတော်ရှင်ကို ဖူးမြင်ဖို့၊

Chorus 1

လာကြ ကိုးကွယ်ကြကုန်အံ့၊ လာကြ ကိုးကွယ်ကြကုန်အံ့၊

ခရစ်တော်ရှင်သခင်ကို ကိုးကွယ်ကြကုန်အံ့။ (အာမင်)

Verse 2

အပျိုကညာဝမ်းမှ ဖွားမြင်သော ရှင်ယေရှု၊

လူဇာတိအဖြစ် ခံယူတော်မူသော်လည်း၊

မုချဘုရားရှင် လောက၏ အလင်းတည်း။

Chorus 3

လာကြ ကိုးကွယ်ကြကုန်အံ့၊ လာကြ ကိုးကွယ်ကြကုန်အံ့၊

ခရစ်တော်ရှင်သခင်ကို ကိုးကွယ်ကြကုန်အံ့။ (အာမင်)

Verse 4

ကောင်းကင်တမန်များတို့ ဝမ်းသာစွာ သီချင်းဆို၊

ထက်ကောင်းကင်သားများ သီချင်းကျူးအေးကြပါ၊

ထက်ကောင်းကင်ဘုရား ဘုန်းတော်ကြီးပါစေသား။

Chorus 5

လာကြ ကိုးကွယ်ကြကုန်အံ့၊ လာကြ ကိုးကွယ်ကြကုန်အံ့၊

ခရစ်တော်ရှင်သခင်ကို ကိုးကွယ်ကြကုန်အံ့။ (အာမင်)

Verse 6

ဝမ်းမြောက်ဖွယ်နံနက်မှာ မွေးဖွားခြင်းခံရှင်အား၊

ဘုန်းတော်မြတ် ချီးကျူးလျက် နာတော်ကြွေးကြော်၊

လူဇာတိခံသော ဘုရားနှုတ်ကပတ်တော်။

Chorus 7

လာကြ ကိုးကွယ်ကြကုန်အံ့၊ လာကြ ကိုးကွယ်ကြကုန်အံ့၊

ခရစ်တော်ရှင်သခင်ကို ကိုးကွယ်ကြကုန်အံ့။ (အာမင်)

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs