1. Songs

၂၆၁။ ကိုယ်တော်ထံသို့ပို့ဆောင်ကျူး

Myanmar SDA Hymnal

Verse 1

ကိုယ်တော်ထံသို့ပို့ဆောင်၊ ပို့ဆောင်မူပါ၊

ဤချစ်သူငယ်များကို၊ ကိုယ်တော်ပေးရှာ၊

အနန္တမေတ္တာဖြင့်၊ ကိုယ်တော်ထံသို့ပို့ဆောင်၊

ပို့ဆောင်မူပါအရှင်၊ ထံတော်ပို့ဆောင်။

Verse 1

ကမ္ဘာထွန်းလင်းလှပ၊ ပျော်ရွှင်သောခါ၊

လမ်းလွဲမှားခြင်းတို့မှ၊ ကယ်တော်မူပါ၊

စုံစမ်းခြင်းဘေးရန်မှ၊ ကိုယ်တော်ထံသို့ပို့ဆောင်၊

ပို့ဆောင်မူပါအရှင်၊ ထံတော်ပို့ဆောင်။

Verse 2

ငယ်သောသူများတို့ပင်၊ သူငယ်ဖြစ်လာ၊

ပြစ်များသောကမ္ဘာမှာ၊ ပြစ်ကင်းစေပါ၊

ကိုယ်တော်ကျွန်ုပ်ဆုတောင်း၊ ကိုယ်တော်ထံသို့ပို့ဆောင်၊

ပို့ဆောင်မူပါအရှင်၊ ထံတော်ပို့ဆောင်။

Verse 3

ယုံကြည်ခြင်းမှိန်သော်လည်း၊ ယုံကြည်နေမည်၊

ကိုယ်တော်ဆုကျေးဇူးကို၊ ခုလက်ခံမည်၊

သိမ်းယူပါနှလုံးများ၊ ကိုယ်တော်ထံသို့ပို့ဆောင်၊

ပို့ဆောင်မူပါအရှင်၊ ထံတော်ပို့ဆောင်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs