1. Songs

254. လမ်းတလျှောက်လုံးကျူး

Myanmar Hymn

Verse 1

ကယ်တင်ရှင် ငါ့ကို လမ်းပြသည်၊

ဘယ်တောင့်တရန် ရှိသနည်း၊

ငါ့ကို လမ်းပြတော်မူရှင်အား၊

ယုံမှားခြင်းရှိရမည်လား၊

ဤဘဝ အသက်ရှင်သည်တွင်၊

စုံစမ်းခြင်း မျိုးမျိုးတို့ပင်၊

ဖိစီးနှိပ်စက်လာသောအခါ၊

ကိုယ်တော် စီရင်တိုင်းဖြစ်ပါ။

ဖိစီးနှိပ်စက်လာသောအခါ၊

ကိုယ်တော် စီရင်တိုင်းဖြစ်ပါ။

Verse 1

ကယ်တင်ရှင် ငါ့ကို လမ်းပြသည်၊

ထောက်မအားပေးလျက်နှင့်ပင်၊

စုံစမ်းခြင်းကို ခံနိုင်ဖို့ရာ၊

ကျွေးတော်မူ အသက်မုန့်မှာ၊

ခွန်အားပြည့်လျက် မောပန်းခြင်းကင်း၊

သောက်လျက်နေ သက်စမ်းရေတွင်း၊

ပလ္လင်တော် ရှေ့မှ ထွက်စီးလေ၊

ဝမ်းမြောက်ခြင်း စမ်းရေမြင်ပေ။

ပလ္လင်တော် ရှေ့မှ ထွက်စီးလေ၊

ဝမ်းမြောက်ခြင်း စမ်းရေမြင်ပေ။

Verse 2

ကယ်တင်ရှင် ငါ့ကို လမ်းပြသည်၊

ကိုယ်တော်ချစ်ခြင်း အံ့ဖွယ်တည်း၊

ထက်အဖ အိမ်တော်တွင် ငြိမ်းစွာ၊

နေစိမ့်ငှာ ကတိတော်ထား၊

ကျွန်ုပ်ဝိညာဉ် အတောင်ဖြန့်လျက်

ထွန်းတောက် ကောင်းကင်သို့ ပျံတက်၊

ထိုအခါ စဉ်သီချင်းဆိုမည်၊

ယေရှုငါ့ကို လမ်းပြပြီ။

ထိုအခါ စဉ်သီချင်းဆိုမည်၊

ယေရှုငါ့ကို လမ်းပြပြီ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs