1. Songs

305. နှိုးဆော်ကျူး

Myanmar Hymn

Verse 1

အိုငါ့ဝိညာဉ် သတိနှင့်နေ၊ သင့်ရန်သူများစွာ ထကြပြီ၊

သင့်ကို ကောင်းကင်မှ ဆွဲခြင်းငှာ ကြိုးစားကြမည်၊ အစဉ်မှတ်ပါ။

Verse 1

စောင့်လျက် တိုက်လျက် ဆုတောင်းလျက်

နေအောင်မြင်ခြင်းကို မစွန့်ပါနှင့်၊

နေ့တိုင်း အစဉ်အားထုတ်ကြိုးစား သင့်ရန်သူများကို ခုခံပါ။

Verse 2

ရန်သူများကို ငါအောင်လေပြီ ငြိမ်ဝပ်စွာ ငါအိပ်ပျော်ပါမည်၊

သင်ပြောလျက်နှင့် သတိမထား၊ ဧကန်အမှန် ရှုံးမည်မှတ်ပါ။

Verse 3

အိုငါ့ဝိညာဉ် သေသည်တိုင်အောင် စွမ်းအားမလျော့ ကြိုးစားပါဉီး၊

ရန်သူများကို မကြောက်ရွံ့ဘဲ ဘုရားကျေးဇူးကိုးစားအမြဲ။

Verse 4

ရန်သူများကို အောင်သော နေ့တွင် မကုန်မဆုံးနိုင်သော စည်းစိမ်၊

သန့်ရှင်းသူများတို့နှင့်တကွ၊ စံစားရမည် အစဉ်မှတ်ပါ။ အာမင်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs