1. Songs

383. သာယာရွှေပြည်ကျူး

Myanmar Hymn

Verse 1

ဆန်စပါးစပျစ်ရည်နှင့်ပြည့်၊

ငါအမွေခံရာပြည်ရောက်ပြီ၊

ထိုပြည်တော်တွင် အစဉ် ထွန်းလင်း၊

ညချိန်မရှိရ ကွယ်ပျောက်ကင်း။

Chorus 1

အိုရွှေပြည်တော်၊ သာယာပြည်တော်၊

မြင့်သော တောင်ထိပ်ပေါ်မှကြည့်သော်၊

ငါ့ဖို့ပြင်ထား အိမ်တော်ရှိ၏၊ ပင်လယ်တဖက်ကမ်း ငါမျှော်ကြည့်၊

ထွန်းလင်း ကမ်းပါးမှာ ငါရှုမြင်၊ ထာဝရကောင်းကင်ငါ့ဖို့ပင်။

Verse 2

ကယ်ချွတ်ရှင်သည် ငါနှင့်သွားလာ၊

ချိုသာ မိတ်သဟာယဖွဲ့ရ၊

ဖြည်းညှင်းစွာ လက်တော်နှင့် လမ်းပြ၊

ကောင်းကင်အစွန်းအနား ရပ်မှာ။

Chorus 3

အိုရွှေပြည်တော်၊ သာယာပြည်တော်၊

မြင့်သော တောင်ထိပ်ပေါ်မှကြည့်သော်၊

ငါ့ဖို့ပြင်ထား အိမ်တော်ရှိ၏၊ ပင်လယ်တဖက်ကမ်း ငါမျှော်ကြည့်၊

ထွန်းလင်း ကမ်းပါးမှာ ငါရှုမြင်၊ ထာဝရကောင်းကင်ငါ့ဖို့ပင်။

Verse 4

အစဉ် စိမ်းလန်းသစ်ပင်တို့မှ

မွှေးကြိုင်နံ့သာ လေတွင်ပြည့်ဝ၊

မနွမ်းပန်းပွင့်များစဉ်ပွင့်သည်၊

သက်စမ်းရေလည်း စဉ်လျှင်စီး၏။

Chorus 5

အိုရွှေပြည်တော်၊ သာယာပြည်တော်၊

မြင့်သော တောင်ထိပ်ပေါ်မှကြည့်သော်၊

ငါ့ဖို့ပြင်ထား အိမ်တော်ရှိ၏၊ ပင်လယ်တဖက်ကမ်း ငါမျှော်ကြည့်၊

ထွန်းလင်း ကမ်းပါးမှာ ငါရှုမြင်၊ ထာဝရကောင်းကင်ငါ့ဖို့ပင်။

Verse 6

ကောင်းကင်ဘုံသာ ကျူးအေးသံများ၊

လေသာဖြင့် ယူဆောင်လာဟန်ကြား၊

ကောင်းကင်သားတို့ ဝတ်လုံဖြူစင်၊

ကယ်တင်သီချင်း ချီးမွမ်းဆိုစဉ်။

Chorus 7

အိုရွှေပြည်တော်၊ သာယာပြည်တော်၊

မြင့်သော တောင်ထိပ်ပေါ်မှကြည့်သော်၊

ငါ့ဖို့ပြင်ထား အိမ်တော်ရှိ၏၊ ပင်လယ်တဖက်ကမ်း ငါမျှော်ကြည့်၊

ထွန်းလင်း ကမ်းပါးမှာ ငါရှုမြင်၊ ထာဝရကောင်းကင်ငါ့ဖို့ပင်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs