1. Songs

အဖေ့အေးရိပ်

Sangpi, Mee Mee Khel

Verse 1

ကြင်နာစွာ ချော့သိပ်ခြင်းတွေ မပြုအားလည်း

လိုအင်တွေကို ဖြည့်စွမ်းပေးကာရယ်

ကြုံလာမဲ့ လူ့လောကကြီးထဲ လမ်းမမှားရန်

အဖေဟာ တည့်မတ်ပေးတယ်

ချိုသာတဲ့ စကားလုံးလေးတွေ သီကုံးကာ

တခါတခါမှာ မပြောဖြစ်ခဲ့ပေမဲ့

မြင်နေတဲ့ မျက်ဝန်းထဲက စကားလုံးတွေ

ဒီရင်ထဲ ခံစားချက်််နားလည်

Chorus 1

ဖေဖေ ကျေးဇူးပဲအဖေ ပြောလိုက်ရုံနဲ့

လုံလောက်မယ် မထင်ဘူးလေ

အဖေ ကျေးဇူးကြောင့်သာ အခုဘဝအလယ်ထိ

ရောက်ခဲ့ပြီလေ

Verse 2

ခိုင်မာတဲ့ တောင်တန်းရဲ့အထက်မှာ ပွင့်လန်းတဲ့

ရောင်စုံဝေဆာပန်းလေးများလိုပဲ

ခိုင်မာတဲ့ အဖေ့ရဲ့နွေးထွေးမှု အောက်မှာ

ရှင်သန်နေထိုင်ကြီးပြင်းခဲ့ပြီ

ရာသီတွေ ပြောင်းလဲသွားကာ အိုမင်းလည်း

အချိန်ရှိတိုင်း ဒီသားသမီးအတွက်ဆိုရင်

အနွံတာခံချစ်ခြင်းနဲ့ အဖေ့ရဲ့အေးရိပ်ဟာ

နောင်လာမဲ့နှစ်ပေါင်းများထိတိုင်

Chorus 3

ဖေဖေ ကျေးဇူးပဲအဖေ ပြောလိုက်ရုံနဲ့

လုံလောက်မယ် မထင်ဘူးလေ

အဖေ ကျေးဇူးကြောင့်သာ အခုဘဝအလယ်ထိ

ရောက်ခဲ့ပြီလေ

ဖေဖေ တကယ်ကျေးဇူးတင်လို့မဆုံးဘူးလေ

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs