1. Songs

22. ဘုန်းတော်ချီးကျူး

Myanmar Hymn

Verse 1

မြေကြီးပေါ်တွင် လူမျိုး အပေါင်း၊ ဘုရားသခင်ကို ချီးမွမ်းကုန်၊

ရိုသေကြောက်ရွံ့ ချစ်ခင်မြတ်နိုး ဘုန်းတော်မြတ်ကို

သီချင်းမြွက်ဆို။

Verse 1

ကိုယ်တော်သာလျှင် ဘုရားမှန်၏၊ လူမျိုးခပ်သိမ်းကို ဖန်ဆင်းပြီ၊

သိုးစုတော်ဖို့ ကျွန်ုပ်တို့ကို ရွေးချယ်စောင့်ထိန်း၍

ချစ်ကြည်ညို။

Verse 2

ထိုကြောင့် သန့်ရှင်းဗိမာန်တော်သို့ ရွှင်လန်းစိတ်ရှိ

စည်းဝေးကြစို့၊

နာမတော်မြတ်ကို ထောမနာ ကျေးဇူးတော်ကို သီချင်းဆိုကြ။

Verse 3

မေတ္တာတော်သည် အတုမရှိ ကရုဏာတော်အစဉ်တည်၏၊

သစ္စာတော်သည် တည်မြဲခဲ့ပြီး၊ ကမ္ဘာဆက်ဆက်မြဲအံ့သတည်း။ (အာမင်)

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs