1. Songs

286. လုံးလုံးယုံကြည်လျက်ကျူး

Myanmar Hymn

Verse 1

ယုံမှားခြင်းများ ကိုယ်တော်မြတ်အား ကတိတော်ကြောင့် အပ်၍ထား၊

နောက်တဖန် ရှုပ်ထွေးခြင်းကင်းမည်၊ ကတိတော် ယုံသောကြောင့်တည်း။

Chorus 1

နှုတ်ကပတ်တော် စုံလင်လှစွာ၊ ကျွန်ုပ် ယုံကြည်လျက်ရှိပါ၊

နှုတ်ကပတ်တော် စုံလင်လှစွာ၊ ကျွန်ုပ် ယုံကြည်လျက်ရှိပါ။

Verse 2

ယေရှုပေါ်မှာ တင်ထားပြစ်များ သွေးတော်မြတ်ဖြင့် ဆေးကြောပြီ၊

သန့်ရှင်းစေမည် အကျွန်ုပ်အား၊ အိမ်တော်မြတ်သို့ ပို့ဆောင်မည်။

Chorus 3

နှုတ်ကပတ်တော် စုံလင်လှစွာ၊ ကျွန်ုပ် ယုံကြည်လျက်ရှိပါ၊

နှုတ်ကပတ်တော် စုံလင်လှစွာ၊ ကျွန်ုပ် ယုံကြည်လျက်ရှိပါ။

Verse 4

ကြောက်ရွံ့ခြင်း ယေရှုအား ပေးထား၊ ရင်ခွင်တော်မှာ ငြိမ်းရာရ၊

ကျွန်ုပ်လမ်းသည် မှောင်မိုက်သော်လည်း၊

အလင်းတော် စဉ်ထွန်းသတည်း။

Chorus 5

နှုတ်ကပတ်တော် စုံလင်လှစွာ၊ ကျွန်ုပ် ယုံကြည်လျက်ရှိပါ၊

နှုတ်ကပတ်တော် စုံလင်လှစွာ၊ ကျွန်ုပ် ယုံကြည်လျက်ရှိပါ။

Verse 6

ဝမ်းမြောက်ခြင်း ယေရှုအား ပေးထား၊ ထံတော်မှာ ချမ်းသာတွေ့ရာ၊

ကိုယ်တော်ရှင်လောကကို ပိုင်၏၊ လိုသမျှ ကိုယ်တော်၌ ရှိ။

Chorus 7

နှုတ်ကပတ်တော် စုံလင်လှစွာ၊ ကျွန်ုပ် ယုံကြည်လျက်ရှိပါ၊

နှုတ်ကပတ်တော် စုံလင်လှစွာ၊ ကျွန်ုပ် ယုံကြည်လျက်ရှိပါ။

Verse 8

ဖြစ်သမျှ ကိုယ်ကာယ၊ ဝိညာဉ် ရှိသမျှ မျှော်လင့်ရာများ၊

သက်ထာဝရ ကာလအစဉ်၊ ယေရှုအား ကျွန်ုပ်ပေးထား။

Chorus 9

နှုတ်ကပတ်တော် စုံလင်လှစွာ၊ ကျွန်ုပ် ယုံကြည်လျက်ရှိပါ၊

နှုတ်ကပတ်တော် စုံလင်လှစွာ၊ ကျွန်ုပ် ယုံကြည်လျက်ရှိပါ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs