မြစ်တစ်မြစ်ရှိသေးတယ်
- Myanmar
- စာသား / Lyrics
Verse 1
မြစ်တစ်မြစ်ရှိသေးတယ်
ပိုင်ဆိုင်တာတွေအားလုံးပျောက်ကွယ်သော်လည်း
ဘယ်တော့မှ မရပ်တန့်ဘူး
ရေဆာသူကို အားဖြည့်ပေးချင်သူက
ကန္တာရ အလယ်ထဲ
ပူလောင်ခြောက်သွေ့လောင်မြိုက်တဲ့အခါ..
အကြင်နာမေတ္တာစမ်း ရေကြည်တစ်ပေါက်လို ချစ်ခြင်းများနဲ့
Chorus 1
အားအင်တွေ ကုန်ခမ်းကုန်ပြီ မျှော်လင့်စရာဆို
ဘာတစ်ခုမှမရှိတော့အချိန်မျိုးမှာ
အားတွေဖြည့်ဆည်းပေးဖို့ မျက်ရည်တွေ
ခြောက်ခမ်းကုန်ပြီ ခိုကိုးစရာဆို ဘာတစ်ခုမှ
မရှိတဲ့အချိန်မှာ ...အနားဖြေရာ..
မြစ်တစ်မြစ်ရှိသေးတယ်..
Verse 2
မျှော်လင့်ချက်ရှိသေးတယ်
ယုံကြည်ရာတွေအားလုံးပျက်ပျယ်ကုန်လည်း
ဘယ်တော့မှ မစွန့်ပစ်ဘူး တွေဝေသူကို
ဖေးမ ပေးလိုသူက..
မှုံရီမိုးအမှောင်ထဲ ကြယ်ရောင်ပျောက်လို့
မမြင်တော့တဲ့အခါ..စေတနာဖိတ်စာကမ်း
ကြိုဆိုဧည့်ခံ ချစ်ခြင်းများနဲ့..
Chorus 3
မှတ်တိုင်တွေ ယိုင်နဲ့ကုန်ပြီ မျှော်ကြည့်စရာဆို
ဘာတစ်ခုမှမရှိတော့အချိန်မျိုးမှာ
အလင်းရောင်ဖြည့်ဆည်းပေးဖို့..
ကျောက်ဆောင်တွေပြိုလဲကုန်ပြီ
မှီတွဲစရာဆိုဘာတစ်ခုမှ မရှိတဲ့အချိန်မှာ
ခိုကိုးစရာ ခွန်အားပေးသူရှိတယ်...
Bridge 5
မြစ်တစ်မြစ်ရှိသေးတယ်
မျှော်လင့်ချက်ရှိသေးတယ်
အိပ်မက်တို့ကွယ်ပျောက်လည်း
အချစ်နဲ့တည်ထားတယ်
မြစ်တစ်မြစ်ရှိသေးတယ်
မျှော်လင့်ချက်ရှိသေးတယ်
အနာဂါတ် သွေ့ခြောက်သွားလည်း
Verse 6
မြို့တစ်မြို့ရှိသေးတယ်
ခင်တွယ်ရာတွေ အားလုံးအဆုံးတိုင်သော်လည်း
ဘယ်တော့မှ တံခါးမပိတ်ဘူး
ဆာလောင်သူကိုတံခါးဖွင့်ပေးနေသူက
ရည်ရွယ်ချက်တွေမဲ့ အလိုလိုဒူးထောက်ပြိုလုဆဲမှာ..
ကိုယ်တိုင်ဖေးကူမဲ့ စာနာသနား ထိုမျက်ဝန်းများနဲ့
Chorus 7
နှလုံးအိမ်တွေ အက်ကွဲကုန်ပြီ ခံစားနိုင်တာ
ဘာတစ်ခုမှ မရှိတော့အချိန်မျိုးမှာ
အသစ်ပြန်ဖန်ဆင်းပေးဖို့ တေးသံတွေရပ်ဆိုင်းကုန်ပြီ
ဆိုငြီးစရာဆို ဘာတစ်ခုမှ မရှိတော့အချိန်မျိုးမှာ
သင့်အနားမှာ ဖန်ဆင်းသောအရှင်ရှိတယ်
မြစ်တစ်မြစ် ရှိသေးတယ်...
More Myanmar songs
- ကိုယ်တော်ရယ်ကောင်းမြတ်တယ်chords
- ဆာလံ ၂၃chords
- အထက်ကိုတက်သောမျက်ရည်chords
- ဧမာနွေလchords
- ငါသည်ဘုရားchords
- ရှူသွင်းတဲ့အသက်လေထက်chords
- အမှုသစ်ပြုပေးပြီchords
- တောင်ထိပ်၌လည်းchords
- ၁၃၅။ ကြည့်ခြင်းဖြင့်အသက်ရှင်ရ၏ကျူး
- ၂၆၂။ ပျော်ရွှင်အိမ်ဖြစ်အစဉ်ကျူး
- ၂၆၈။ ကိုယ်တော်ရှင်ဗိမာန်တော်တွင်ရှိ၏ကျူး
- 20. ထောမနာ သီချင်း
- ၇၈။ အသက်မုန့်ကျွန်ုပ်အားပေးပါဘုရားကျူး
- 170. ကျွန်ုပ်သည် မိတ်ဆွေတွေ့ပြီကျူး
- ကမ်းလက်
- 107. သရဖူများတင်ကြကျူး
- ၉၈။ ခေါ်တော်မူသံကိုကျွန်ုပ်ကြားရပြီကျူး
- လက်ဆောင်
- ၅၀။ အိုကောင်းဆုံးသောမိတ်ဆွေယေရှုရှင်ကျူး
- 372. သာယာနေ့ နောင်ကာလကျူး
- 204. အလင်းကို ဆုတောင်းပတ္ထနာကျူး
- 38. သန့်ရှင်းတော်မူခြင်းကျူး
- 402. အိမ်ထောင် ကောင်းချီးမင်္ဂလာ
- 136. လောကနယ်မှာကျူး