1. Songs

၈၉။ ချစ်သိုးထိန်းရှင်ယေရှုသည်ကျူး

Myanmar SDA Hymnal

Verse 1

ချစ်သိုးထိန်းရှင်ယေရှုသည်၊ သင့်ကိုလာရန်ခေါ်သည်၊

လုံခြုံသောသိုးခြံတွင်းမှာ၊ နားရန်အခန်းရှိပါ၊

အရွယ်ကောင်းစဉ်ခါလာလေ၊ နုနယ်စဉ်ခါလာချေ၊

လုံခြုံသောခြံတွင်းဝင်ပါ၊ သစ္စာလမ်းသို့ဝင်လေ။

Chorus 1

မေတ္တာနှင့်သိမ်မွေ့စွာကိုယ်တော်ခေါ်နေ၊

လမ်းလွဲသူ၊ လမ်းလွဲသူ၊ ငါ့ထံလာချေ။

သည်းခံလျက်ထိုမှာရပ်နေကြောင်းမြင်လေ၊

ယေရှုကျွန်ုပ်သိုးထိန်းပေ။

Verse 2

ချစ်သိုးထိန်းရှင်ယေရှုသည်၊ သင့်တွက်သက်တော်စွန့်ရှာ၊

ဖြည်းညင်းစွာသင့်ကိုခေါ်သည်၊ လမ်းလွဲသူငါ့ထံလာ၊

ခြံပြင်မှာဘေးရန်ရှိပေ၊ မြန်စွာဝင်ရန်ခေါ်သည်၊

လုံခြုံသောခြံသို့ဝင်လေ၊ နားရန်အခန်းရှိသည်။

Chorus 3

မေတ္တာနှင့်သိမ်မွေ့စွာကိုယ်တော်ခေါ်နေ၊

လမ်းလွဲသူ၊ လမ်းလွဲသူ၊ ငါ့ထံလာချေ။

သည်းခံလျက်ထိုမှာရပ်နေကြောင်းမြင်လေ၊

ယေရှုကျွန်ုပ်သိုးထိန်းပေ။

Verse 4

ဖင့်နွှဲခြင်းသည်မိုက်မဲပေ၊ ယနေ့တောခွေးတို့မှာ၊

လမ်းလွဲသိုးများကိုရှာနေ၊ သိုးငယ်များသတ်ဖို့ရာ၊

ချစ်သိုးထိန်းရှင်ယေရှုသည်၊ သင့်ကိုလာရန်ခေါ်၏၊

လုံခြုံသောသိုးခြံတွင်းမှာ၊ နားရန်အခန်းရှိ၏။

Chorus 5

မေတ္တာနှင့်သိမ်မွေ့စွာကိုယ်တော်ခေါ်နေ၊

လမ်းလွဲသူ၊ လမ်းလွဲသူ၊ ငါ့ထံလာချေ။

သည်းခံလျက်ထိုမှာရပ်နေကြောင်းမြင်လေ၊

ယေရှုကျွန်ုပ်သိုးထိန်းပေ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs