1. Songs

309. သာ၍မြင့်သောကုန်းပေါ်မှာကျူး

Myanmar Hymn

Verse 1

ကောင်းကင်လမ်းကို ကြိုးစားတက်မည်၊

နေ့စဉ်တိုး၍ အထက်ရောက်သည်၊

ကုန်းမြင့်ပေါ်မှာ ခြေလှမ်းဖို့ရာ၊ နေ့စဉ်ပြုမည် ဆုပဌနာ။

Chorus 1

ယုံကြည်ခြင်းဖြင့် ကုန်းမြင့်ပေါ်မှာ ရပ်နေဖို့ရာ ကူတော်မူပါ၊

သာ၍မြင့်ရာ ကုန်းမြင့်ပေါ်မှာ ခြေလှမ်းစိမ့်ငှာ မတော်မူပါ။

Verse 2

ယုံမှားခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ရှိရာရပ်မှာ မနေချင်ပါ၊

အခြားသူများ နေချင်သော်လည်း

ကုန်းမြင့်ပေါ်မှာသာ ကျွန်ုပ်နေမည်။

Chorus 3

ယုံကြည်ခြင်းဖြင့် ကုန်းမြင့်ပေါ်မှာ ရပ်နေဖို့ရာ ကူတော်မူပါ၊

သာ၍မြင့်ရာ ကုန်းမြင့်ပေါ်မှာ ခြေလှမ်းစိမ့်ငှာ မတော်မူပါ။

Verse 4

မာရ်နတ်ဆိုးသည် တိုက်ခိုက်သော်လည်း

ထက်ရပ်မှာသာ နေချင်လှသည်၊

ကုန်းမြင့်ပေါ်က သီချင်းသံများ၊

ယုံကြည်ခြင်းဖြင့် ကျွန်ုပ်ကြားရ။

Chorus 5

ယုံကြည်ခြင်းဖြင့် ကုန်းမြင့်ပေါ်မှာ ရပ်နေဖို့ရာ ကူတော်မူပါ၊

သာ၍မြင့်ရာ ကုန်းမြင့်ပေါ်မှာ ခြေလှမ်းစိမ့်ငှာ မတော်မူပါ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs