1. Songs

၁၄၄။ ရိတ်သူများဘယ်မှာကျူး

Myanmar SDA Hymnal

Verse 1

အပြစ်လယ်ပြင်မှကောက်လှိုင်းကောင်းများတွေ၊

စုသိမ်းရိတ်သူများဘယ်မှာရှိကြပေ၊

သမ္မာကျမ်းတံစဉ်နှင့်မှုတော်ဆောင်ရ၊

ကိုယ်တော်ရောက်အောင်မည်သူမျှမနားရ။

Chorus 1

ရိတ်သူများဘယ်မှာ၊ သင်လာမည်လော၊

ကျီတွင်စုသိမ်းကာ၊ သင်ဘုန်းဝင်စားမည်လော၊

အပြစ်လယ်ပြင်မှ၊ ကောက်လှိုင်းကောင်းများ၊

ဘယ်မှာရှိကြ၊ စုသိမ်းရိတ်သူများ။

Verse 2

လယ်များတို့သည်နီးဝေးရပ်မှမှည့်နေ၊

လောကသည်စုသိမ်းချိန်ကိုဆိုင်းငံ့ပေ၊

သို့သော်ရိတ်ရန်များ၍ရိတ်သူနည်းပါး၊

ရိတ်ချိန်ကိုဆိုင်းလျှင်ပျက်စီးမည်အများ။

Chorus 3

ရိတ်သူများဘယ်မှာ၊ သင်လာမည်လော၊

ကျီတွင်စုသိမ်းကာ၊ သင်ဘုန်းဝင်စားမည်လော၊

အပြစ်လယ်ပြင်မှ၊ ကောက်လှိုင်းကောင်းများ၊

ဘယ်မှာရှိကြ၊ စုသိမ်းရိတ်သူများ။

Verse 4

ထိုကြောင့်တံစဉ်များယူအချင်းလူများ၊

မှည့်သောစပါးကိုစု၍သိမ်းကြပါ၊

လယ်ရှင်ကိုယ်တော်လာသည့်တိုင်အောင်ကြိုးစား၊

ကိုယ်တော်နှင့်အတူဘုန်းဝင်စားကြရာ။

Chorus 5

ရိတ်သူများဘယ်မှာ၊ သင်လာမည်လော၊

ကျီတွင်စုသိမ်းကာ၊ သင်ဘုန်းဝင်စားမည်လော၊

အပြစ်လယ်ပြင်မှ၊ ကောက်လှိုင်းကောင်းများ၊

ဘယ်မှာရှိကြ၊ စုသိမ်းရိတ်သူများ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs