၁၄၁။ နားထောင်ရှင်ယေရှု ကြွေးကြော်သည်ကျူး
- Myanmar
- စာသား / Lyrics
- Key C#
- Hymn 141
Verse 1
နားထောင်ရှင်ယေရှုကြွေးကြော်သည်၊
ခုဘယ်သူမှုဆောင်မည်နည်း၊
လယ်ပြင်တို့သည်မှည့်လျက်ရှိပြီ၊
တံစဉ်ဘယ်သူကိုင်မည်နည်း၊
ကျယ်သောအသံနှင့်ခေါ်ဖိတ်သည်၊
ဆုလာဘ်များစွာပေးပါမည်၊
အသင့်စောင့်လျက်ကျွန်ုပ်ရှိသည်၊
အဘယ်သူဝန်ခံမည်နည်း။
Verse 1
ပင်လယ်ကြီးကိုမကူးနိုင်လျှင်၊
နီးသောအရပ်သို့သွားလော့၊
နီးသောရပ်တွင်တွေ့နိုင်ခဲ့လျှင်၊
တံခါးတွင်းသို့သွင်းကြလော့၊
ကောင်းကင်သားလိုမပြောနိုင်လျှင်၊
ယေရှုချစ်ခြင်းဖော်ပြလော့၊
ပေါလုလိုလည်းမဟောနိုင်လျှင်၊
အသေခံခြင်းပြောပြလော့။
Verse 2
စောင့်သောသူသင်မလုပ်နိုင်လျှင်၊
ဇိအုန်တောင်သို့ပြေးတက်လော့၊
လမ်းလွဲသောသူပြန်စိမ့်သောငှါ၊
ကောင်းကင်လမ်းကိုညွှန်ပြလော့၊
လှူဒါနဆုတောင်းခြင်းနှင့်ပင်၊
ကောင်းကင်အလိုကိုဖြည့်နိုင်၊
သစ္စာရှိအာရုန်ကဲ့သို့သင်၊
မောရှေလက်ကိုထောက်မနိုင်။
Verse 3
လမ်းလွဲသောသူသေလုသောခါ၊
ယေရှုရှင်သင့်ကိုခေါ်ပေ၊
သင်ကဘာမျှမလုပ်နိုင်ပါ၊
ပျင်းရိစွာမဆိုရချေ၊
ပေးတော်မူအလုပ်ကိုင်စွဲနေ၊
ဝမ်းမြောက်စွာအားထုတ်ကြပါ၊
အသင့်စောင့်နေကျွန်ုပ်ရှိပေ၊
စိတ်အြွကင်းမဲ့လျှောက်ကြပါ။
More Myanmar songs
- ကိုယ်တော်ရယ်ကောင်းမြတ်တယ်chords
- ဆာလံ ၂၃chords
- အထက်ကိုတက်သောမျက်ရည်chords
- ဧမာနွေလchords
- ငါသည်ဘုရားchords
- ရှူသွင်းတဲ့အသက်လေထက်chords
- အမှုသစ်ပြုပေးပြီchords
- တောင်ထိပ်၌လည်းchords
- ၄ အိုငွေလမင်းchords
- 9. နေမဝင်မီ ဆုတောင်းကျူး
- ၁၅၅။ ပြောပြရန်ဝတ္ထုရှိသည်ကျူး
- 64. ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်လော့ကျူး
- 233. ကိုယ်တော်အား အကောင်းဆုံးကို ပေးပါကျူး
- 92. အတုမဲ့ယေရှုကို ချီးမွမ်းကျူး
- အသက်ရှင်သောယဇ်chords
- ယုံကြည်ခြင်းတစ်ခု
- 65. သခင်ဘုရားမေတ္တာဖြစ်၏ကျူး
- ခရစ်စမတ် အဓိပ္ပါယ်
- သခင့်မေတ္တာထဲ
- 77. တိတ်ဆိတ်ည၊ သန့်ရှင်းညကျူး
- မျှော်လင့်ခြင်း ခရစ္စမတ်
- မျက်မှောက်တော်တန်ခိုးchords
- 121. လက်ဝါးကပ်တိုင်တော်အောက်ကျူး
- 376. ထိုရပ်မှာ နေလိုသည်ကျူး