1. Songs

381. ဘုန်းတော်မြတ်ကျူး

Myanmar Hymn

Verse 1

ဆောင်ရွက်ခြင်းမှုဆုံး၊ စုံစမ်းခြင်းကုန်လျှင်၊

ကောင်းကင် ဆိပ်ကမ်းထဲသို့

ကျွန်ုပ်ရောက်ဝင်၊ ကိုယ်တော်မြတ်ထံပါးမှာ နေရသောခါ၊

အနန္တကာလမှာ ဘုန်းတော်ဖြစ်ရာ။

Chorus 1

ဘုန်းတော်မြတ်သည်၊ ကျွန်ုပ်ဖို့တည်း၊

ဘုန်းတော်မြတ်သည်၊ ကျွန်ုပ်ဖို့တည်း၊

ကျေးဇူးတော်ကြောင့် မျက်နှာတော်ဖူးရလျှင်၊

ဘုန်းတော်မြတ်သည်၊ ကျွန်ုပ်ဖူးမြင်။

Verse 2

အနန္တဆုကျေးဇူးတော်မြတ်ကြောင့်သာ

ကောင်းကင်ဘုံသို့ ကျွန်ုပ်ဝင်ရသောခါ၊

မျက်နှာတော်မြတ်ကို ဖူးရသောခွင့်သည်၊

အနန္တကာလမှာ ဘုန်းတော်ဖြစ်မည်။

Chorus 3

ဘုန်းတော်မြတ်သည်၊ ကျွန်ုပ်ဖို့တည်း၊

ဘုန်းတော်မြတ်သည်၊ ကျွန်ုပ်ဖို့တည်း၊

ကျေးဇူးတော်ကြောင့် မျက်နှာတော်ဖူးရလျှင်၊

ဘုန်းတော်မြတ်သည်၊ ကျွန်ုပ်ဖူးမြင်။

Verse 4

ကောင်းကင်မှာ မိတ်ဆွေများ တွေ့ရလိမ့်မည်၊

ဝမ်းမြောက်ခြင်းမြစ်ရေသည် စီးလျက်နေ၏၊

ကယ်တင်ရှင်ပြုံးရယ်ခြင်း၊ မြင်ရပြန်လျှင်၊

အနန္တကာလမှာ ဘုန်းတော်မြတ်ပင်။

Chorus 5

ဘုန်းတော်မြတ်သည်၊ ကျွန်ုပ်ဖို့တည်း၊

ဘုန်းတော်မြတ်သည်၊ ကျွန်ုပ်ဖို့တည်း၊

ကျေးဇူးတော်ကြောင့် မျက်နှာတော်ဖူးရလျှင်၊

ဘုန်းတော်မြတ်သည်၊ ကျွန်ုပ်ဖူးမြင်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs