1. Songs

112. သိုးသငယ်တော်ကျူး

Myanmar Hymn

Verse 1

ယုဒပူဇော်သက္ကာ ယဇ်ကောင်မျိုးမျိုးအသွေး၊

အပြစ်မှ လွတ်၊ စိတ်ငြိမ်းစိမ့်ငှါ၊ အလျှင်းမတတ်နိုင်လေ။

Verse 1

သိုးငယ်ခရစ်တော်ကား၊ ထိုယဇ်များထက် ထူးမြတ်၊

သွေးတော်အဖိုး၊ အလွန်ထိုက်စွာ၊ အပြစ်ခပ်သိမ်းလွှတ်တတ်။

Verse 2

အကျွန်ုပ်ယုံပါ၏၊ မြတ်ခေါင်းတော်၌ လက်တင်၊

နောင်တရလျက် အပြစ်ရှိရှိ ဝန်ချပါ၏ သခင်။

Verse 3

လက်ဝါးကပ်တိုင်အပေါ်၊ ကိုယ်တော်ခံသော ပြစ်ဒဏ်၊

အကျွန်ုပ်အောက်မေ့ဆင်ခြင်သော်၊ ကျွန်ုပ်အတွက် ထင့်ဝံ့။

Verse 4

အိုကောင်းကင်ယဇ်၊ သိုးငယ်၊ ယုံကြည်သူ ကျွတ်ရာသည်၊

ကျွန်ုပ်မြင်သော်၊ စိတ်ငြိမ် ကိုးကွယ် မေတ္တာတော် ချီးမွမ်း၏။

အာမင်

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs