1. Songs

391. ဖြူဝတ်လုံကို ဝတ်ဆင်သူကျူး

Myanmar Hymn

Verse 1

ဖြူဝတ်လုံကို ဝတ်ဆင်သူတိုင်းမသိများစွာသောလူ၊

ထာဝရပလ္လင်တော်ရှေ့၊ အောင်ပန်းလက်ကို ကိုင်လျက်နေ၊

ကြီးသောသံနှင့် သီချင်းဆို၊ ချီးမွမ်းကုန်လေ ကျေးဇူးကို

ဤလူဘယ်က လာသနည်း၊ မြင်သောသူသည် မေးလေ၏။

Verse 1

ဤသူတို့သည် အာဒံသား အောက်မှာ လူ့ပြည်နေတုန်းခါ၊

ဆင်းရဲဒုက္ခခံကြ၏၊ ခုမှ လွတ်မြောက်လေခဲ့ပြီ၊

လူအပြစ်အညစ် ဆေးကြောသိုးငယ်သွေး၌ ဝတ်လုံလျှော်၊

ဖြူစင်လျက်နှင့် စွန်းမရှိ၊ သန့်ရှင်းသောသူ ဖြစ်သတည်း။

Verse 2

ထို့ကြောင့် သူတို့ ဗိမာန်တွင် နေရာရ ဘုရားသခင်၊

ဝတ်ကိုပြု ပလ္လင်တော် ရှေ့နေ ညအိပ်မပျော်လျက်နေ၊

နောက်တဖန် အစဉ်မပြတ် စားအသောက် မမွတ်မငတ်၊

နေရောင်ခြည် အပူအအိုက် ဘယ်ခါမျှ မထိမခိုက်။

Verse 3

ထိုသူတို့ ပလ္လင်တော်ဝယ်၊ ရှိတော်မူ အရှင်သိုးငယ်၊

သက်စမ်းရေ ပေါက်ရေယာဉ်နီး၊ ဆောင်သွားလျက် လုပ်ကျွေးလိမ့်မည်၊

သူတို့နှင့် ဘုရားသခင်၊ တူတကွ နေမည်အစဉ်၊

ကိုယ်တော်တိုင် သူတို့ မျက်ရည်၊ သုတ်ခမ်းစေတော်မူမည်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs