1. Songs

၂၂၁။ အတောင်တော်အောက်ကျူး

Myanmar SDA Hymnal

Verse 1

အတောင်တော်အောက်ဘေးကင်းစွာကျွန်ုပ်နေသည်၊

ညဉ့်သည်မှောင်၍လေပြင်းတိုက်ငြားသော်လည်း၊

ကိုယ်တော်စောင့်ထိန်းမည်ကိုသိ၍ယုံနိုင်သည်၊

ရွေးနုတ်တော်မူ၍သားရင်းဖြစ်သတည်း။

Chorus 1

အတောင်တော်အောက်၊ အတောင်တော်မှ၊

မေတ္တာမှခွဲနိုင်အံ့နည်း၊ အတောင်တော်အောက်၊

ကျွန်ုပ်ဝိညာဉ်ခို၊ လုံခြုံအမြဲခိုရာတည်း။

Verse 2

အတောင်တော်အောက်ဝမ်းနည်းစဉ်ခိုလှုံရာပင်၊

ထိုငြိမ်သက်ခြင်းကျွန်ုပ်စိတ်တောင့်တလှ၊

လောကတွင်ခိုကိုးရာမဲ့ဖြစ်သောခါတွင်၊

ထိုမှာနှစ်သိမ့်ခြင်းနှင့်ကောင်းချီးခံရာ။

Chorus 3

အတောင်တော်အောက်၊ အတောင်တော်မှ၊

မေတ္တာမှခွဲနိုင်အံ့နည်း၊ အတောင်တော်အောက်၊

ကျွန်ုပ်ဝိညာဉ်ခို၊ လုံခြုံအမြဲခိုရာတည်း။

Verse 4

အတောင်တော်အောက်ဘယ်မျှကြီးသောစည်းစိမ်နည်း၊

သောကများကင်းသည်တိုင်အောင်ခိုကိုးရာ၊

ကွယ်ကာဖုံးအုပ်ဘေးအန္တရာယ်မရောက်တည်း၊

ယေရှု၌ကိုးစားလျှင်အမြဲချမ်းသာ။

Chorus 5

အတောင်တော်အောက်၊ အတောင်တော်မှ၊

မေတ္တာမှခွဲနိုင်အံ့နည်း၊ အတောင်တော်အောက်၊

ကျွန်ုပ်ဝိညာဉ်ခို၊ လုံခြုံအမြဲခိုရာတည်း။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs