1. Songs

၃၄။ တိတ်ဆိတ်ည၊ သန့်ရှင်းညကျူး

Myanmar SDA Hymnal

Verse 1

တိတ်ဆိတ်ည၊ သန့်ရှင်းည၊

သူငယ်တော်အိပ်စဉ်ခါ။

ကောင်းကင်မှာကြယ်လင်းရောင်ခြည်၊

သူငယ်တော်ပေါ်ထွန်းတောက်သည်။

ကောင်းကင်ငြိမ်သက်ခြင်းသည်၊

ကိုယ်တော်မြတ်ပေါ်မှာတည်။

Verse 1

တိတ်ဆိတ်ည၊ သန့်ရှင်းည၊

မှောင်ကွယ်သွားရောင်ခြည်လာ။

ကောင်းကင်သားများသီချင်းသံ၊

သိုးထိန်းသားများတို့နာခံ။

ခရစ်တော်ကယ်တင်ရှင်၊

မြေကြီးပေါ်သို့သက်ဆင်း။

Verse 2

တိတ်ဆိတ်ည၊ သန့်ရှင်းည၊

လမ်းပြကြယ်လမ်းပြပါ။

ရှေ့ပြည်ကပညာရှိများ၊

ထံတော်သို့လက်ဆောင်ယူလာ။

ခရစ်တော်ကယ်တင်ရှင်၊

မြေကြီးပေါ်သို့သက်ဆင်း။

Verse 3

တိတ်ဆိတ်ည၊ သန့်ရှင်းည၊

အံ့ဖွယ်ကြယ်ထွန်းလင်းပါ။

ကောင်းကင်သားနှင့်တူတကွ၊

ဟာလေလုယအေးကျူးကြ။

ခရစ်တော်ကယ်တင်ရှင်၊

မြေကြီးပေါ်သို့သက်ဆင်း။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs