1. Songs

၆၅။ လာမည့်ဘုရင်တံခါးမှာရှိကျူး

Myanmar SDA Hymnal

Verse 1

လာမည့်ဘုရင်တံခါးမှာရှိ၊

တိုင်ပေါ်ပြစ်တွက်တစ်ခါခံ၏၊

ခုဖြောင့်မတ်သောသူတို့ကိုသာ၊

အိမ်သို့စုသိမ်းရန်လာ။

Chorus 1

တံခါးမှာ၊ တံခါးမှာ၊

တံခါးမှာအေတံခါးဝရောက်ပြီ။

လာလျက်နေသည်၊ လာလျက်နေသည်၊

ကြွလာချိန်အနီးရောက်ပြီ။

Verse 2

လာချိန်နီးလက္ခဏာထင်ရှား၊

မြန်စွာနှစ်တိုင်းပြည့်စုံအများ၊

ဘုန်းတော်မိုးသောက်မကြာခင်မြင်၊

ကောင်းကင်နံနက်ဖို့ပင်။

Chorus 3

တံခါးမှာ၊ တံခါးမှာ၊

တံခါးမှာအေတံခါးဝရောက်ပြီ။

လာလျက်နေသည်၊ လာလျက်နေသည်၊

ကြွလာချိန်အနီးရောက်ပြီ။

Verse 4

လောက၌စစ်တိုက်ခြင်းမရှင်း၊

ဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းမဲ့ကင်း၊

ကယ်တင်ရှင်ပြန်လာသောအခါ၊

အပြစ်သေခြင်းလွတ်ရာ။

Chorus 5

တံခါးမှာ၊ တံခါးမှာ၊

တံခါးမှာအေတံခါးဝရောက်ပြီ။

လာလျက်နေသည်၊ လာလျက်နေသည်၊

ကြွလာချိန်အနီးရောက်ပြီ။

Verse 6

ဘုန်းထွန်းသောကမ္ဘာသစ်ရောက်ခါ၊

အနန္တကာလနေကြရာ၊

သေခြင်းသည်ရှင်ခြင်းသို့ပြောင်းပြီ၊

အနန္တကာလတည်း။

Chorus 7

တံခါးမှာ၊ တံခါးမှာ၊

တံခါးမှာအေတံခါးဝရောက်ပြီ။

လာလျက်နေသည်၊ လာလျက်နေသည်၊

ကြွလာချိန်အနီးရောက်ပြီ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs