1. Songs

၁၆၀။ သန့်ရှင်းဥပုသ်ငြိမ်ရာနေ့ကျူး

Myanmar SDA Hymnal

Verse 1

သန့်ရှင်းဥပုသ်ငြိမ်ရာနေ့၊

ဘုရားသခင်ကောင်းချီးပေး၊

မြတ်ဘုရားဖန်ဆင်းအောက်မေ့၊

သန့်ရှင်းမှုတွက်သီးခြားပေး။

Chorus 1

သန့်ရှင်းဥပုသ်ငြိမ်ရာနေ့

မြတ်ဘုရားကောင်းချီးပေးလေ၊

ငါတို့ဖို့သက်သေဖြစ်ပေ၊

ထာဝရကာလတည်စေ။

Verse 2

မိုက်မဲဆိုးသွမ်းမှုပြည့်စုံ၊

ဤလောကစည်းစိမ်စွန့်ပါ၊

မြတ်စည်းစိမ်အပေါင်းရှိကုန်၊

ကမ်းတစ်ဖက်ကောင်းကင်ဘုံမှာ။

Chorus 3

သန့်ရှင်းဥပုသ်ငြိမ်ရာနေ့

မြတ်ဘုရားကောင်းချီးပေးလေ၊

ငါတို့ဖို့သက်သေဖြစ်ပေ၊

ထာဝရကာလတည်စေ။

Verse 4

နေဝင်ချိန်ညနေအေးတွင်၊

ဥပုသ်အချိန်ရောက်သောခါ၊

ယုံကြည်သူပေါင်းစည်းဝေးစဉ်၊

သီဆိုဆုတောင်းကြစေရာ။

Chorus 5

သန့်ရှင်းဥပုသ်ငြိမ်ရာနေ့

မြတ်ဘုရားကောင်းချီးပေးလေ၊

ငါတို့ဖို့သက်သေဖြစ်ပေ၊

ထာဝရကာလတည်စေ။

Verse 6

ကျေးဇူးတော်နှင့်ကယ်တင်ရန်၊

အောင်မြင်မှုတွက်တောင်းလျှောက်ရာ၊

နာရီတိုင်းသန့်ရှင်းစေရန်၊

တန်ခိုးတော်ဖြင့်မစပါ။

Chorus 7

သန့်ရှင်းဥပုသ်ငြိမ်ရာနေ့

မြတ်ဘုရားကောင်းချီးပေးလေ၊

ငါတို့ဖို့သက်သေဖြစ်ပေ၊

ထာဝရကာလတည်စေ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs