1. Songs

394. အထက် ယေရုရှလင်မြို့ကျူး

Myanmar Hymn

Verse 1

ယေရုရှလင်၊ ယေရုရှလင် အထက်သန့်ရှင်းသောမြို့၊

ငါခံရဒုက္ခ မျိုးမျိုးလျှင် သင်၌ ငါငြိမ်းစေလို။

Chorus 1

အိုခါနာန်ရွှေ ခါနာန် ရောက်ချင်လှလေ

ထွန်းတောက်နေရာ သန့်ရှင်းဌာန ငါ့ဖို့ပြင်ဆင်ပြီးပေ။

Verse 2

သင်၏ ကြီးမြင့်ထွန်းပ မြို့ရိုးပုလဲတံခါးများလည်း၊

ရွှေစင်ခင်းသော လမ်းမတို့ကို ဘယ်နေ့မှ မြင်ရနည်း။

Chorus 3

အိုခါနာန်ရွှေ ခါနာန် ရောက်ချင်လှလေ

ထွန်းတောက်နေရာ သန့်ရှင်းဌာန ငါ့ဖို့ပြင်ဆင်ပြီးပေ။

Verse 4

ငါ၏ ဘုရားနေတော်ဌာန ဉပုသ်မပြတ်မလည်၊

အစည်းအဝေး မပြတ် နေရာဘယ်နေ့မှ တက်ရနည်း။

Chorus 5

အိုခါနာန်ရွှေ ခါနာန် ရောက်ချင်လှလေ

ထွန်းတောက်နေရာ သန့်ရှင်းဌာန ငါ့ဖို့ပြင်ဆင်ပြီးပေ။

Verse 6

ထိုနေရာ ဧဒင်ထက်သာယာ၊ အပြစ် ဒုက္ခမရှိ၊

အိုမင်္ဂလာ စုဝေးစုံရာ၊ သင့်ဆီ ရောက်ချင်လှသည်။

Chorus 7

အိုခါနာန်ရွှေ ခါနာန် ရောက်ချင်လှလေ

ထွန်းတောက်နေရာ သန့်ရှင်းဌာန ငါ့ဖို့ပြင်ဆင်ပြီးပေ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs