1. Songs

Goshen(ဂေါရှင်)

Thang Tawng

Verse 1

ဂေါရှင်အရပ်ဟာ အနားရသောနေရာ

ကိုယ်တော့်အနားသာ အနေချင်ဆုံးပါ

အတောင်တော်အောက်မှာ အနွေးထွေးဆုံးပါ

ခြေတော်ရင်းသာ ကျွန်ုပ်ပျော်မွေ့ရာ

Pre-Chorus 1

ကိုယ်တော်ရဲ့အနီးဆုံးမှာ

မာရိရဲ့ရွေးချယ်ရာ ကောင်းသောအရာ

ကိုယ်တော်ရဲ့ မျက်မှောက်တော်

ကျွန်ုပ်လည်းရွေးချယ်တာ အထံတော်ပါးသာ

Chorus 2

ယင်ရဲ မရှိသော အသန့်ရှင်းဆုံးဂေါရှင်

ရန်များမရှိသော အလုံခြုံဆုံးသောဂေါရှင်

မြေကြီးအလယ်၌ ထာဝရဘုရားဖြစ်ကြောင်းကို

နိမိတ်လက္ခဏာများ သက်သေများစွာ

ထင်ရှားပြသော ခြားနားသောနေရာ

နိမိတ်လက္ခဏာများ သက်သေများစွာ

ထင်ရှားပြသော ခြားနားသောနေရာ ဂေါရှင်အရပ်ပါ

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs