1. Songs

244. သန့်ရှင်းသော ဝိညာဉ်တော်ကျူး

Myanmar Hymn

Verse 1

သန့်ရှင်းဝိညာဉ် လမ်းပြရှင်၊ တပည့်တော် နားနေအစဉ်၊

ကောင်းကင်ခရီး လျှောက်သွားစဉ်၊ ဖြည်းညှင်းစွာ လမ်းပြသခင်၊

မောပန်းဝိညာဉ် ဝမ်းမြောက်ချေ၊ ချိုသာသံတော်နားထောင်လေ၊

ခရီးသည် နောက်သို့ လိုက်လာ၊ ပို့ဆောင်မည်၊ အိမ်တော် သာယာ။

Verse 1

မိတ်ဆွေစစ် ဝိညာဉ်တော်ရှင်၊ မစရန် ရှိနေအသင့်၊

ကျွန်ုပ်တို့ကို မှောင်မိုက်တွင်၊ စိုးရိမ်ရာ မစွန့်ပါနှင့်၊

ပြင်းထန်စွာ မုန်တိုင်းကျလာ၊ စိတ်ငယ် မျှော်လင့်မဲ့သောခါ၊

နောက်တော်လိုက်ရန် ခေါ်မူပါ၊ ပို့ဆောင်ပါ၊ အိမ်တော် သာယာ။

Verse 2

ဆောင်ရွက်ရန် အမှုပြီးလျှင်၊ ခေါ်တော်မူ ချိန်စောင့်နေစဉ်၊

ဆုတောင်းလျက် မျှော်လင့်တောင့်တ၊ ကောင်းကင်ဘုံ ဝင်ရန်တသ၊

သေခြင်းမြစ်ကို ကူးသောခါ၊ သွေးတော်ြမတ် မှီခိုကိုးစား၊

နောက်တော်လိုက်ရန် ခေါ်မူပါ၊ ပို့ဆောင်ပါ၊ အိမ်တော် သာယာ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs