1. Songs

၁၃၂။ ဘုရားကိုချီးမွမ်းကြကျူး

Myanmar SDA Hymnal

Verse 1

အံ့ဖွယ်မှုများတွက်မြတ်ဘုရားချီးမွမ်းပါ၊

လောကီသားတို့ကိုချစ်ရှာသားတော်စွန့်ကာ၊

သက်တော်စွန့်ခြင်းဖြင့်အပြစ်တွေပြေစေပါ၊

အသက်တံခါးဖွင့်ထားဝင်လိုသူများလာ။

Chorus 1

ချီးမွမ်းကြ၊ ချီးမွမ်းကြ၊ လောကသံတော်ကြားစေ၊

ချီးမွမ်းကြ၊ ချီးမွမ်းကြ၊ လူအပေါင်းဝမ်းမြောက်စေ၊

သားတော်ယေရှုအားဖြင့်ခမည်းတော်ထံလာ၊

အံ့ဖွယ်မှုများတွက်မြတ်ဘုရားချီးမွမ်းပါ။

Verse 2

ယုံကြည်သူပေါင်းအောင်စေကြောင်း

သွေးတော်ကြောင့်ပင်၊

စုံလင်သောရွေးနုတ်ခြင်းကတိတော်ကိုပင်၊

အဆိုးဆုံးသောသူသည်အမှန်ယုံကြည်လျှင်၊

ယေရှုမှပြစ်လွှတ်ခွင့်ရထိုခဏတွင်။

Chorus 3

ချီးမွမ်းကြ၊ ချီးမွမ်းကြ၊ လောကသံတော်ကြားစေ၊

ချီးမွမ်းကြ၊ ချီးမွမ်းကြ၊ လူအပေါင်းဝမ်းမြောက်စေ၊

သားတော်ယေရှုအားဖြင့်ခမည်းတော်ထံလာ၊

အံ့ဖွယ်မှုများတွက်မြတ်ဘုရားချီးမွမ်းပါ။

Verse 4

အံ့ဖွယ်မှုများကျွန်ုပ်အားပြတော်မူပြီ၊

ယေရှု၌ကျွန်ုပ်တို့ဝမ်းမြောက်ခြင်းရှိသည်၊

သို့သော်ယေရှုရှင်ကိုဖူးတွေ့ရသောအခါ၊

အံ့ဩဝမ်းမြောက်ခြင်းသာ၍ကြီးမည်မှန်ပါ။

Chorus 5

ချီးမွမ်းကြ၊ ချီးမွမ်းကြ၊ လောကသံတော်ကြားစေ၊

ချီးမွမ်းကြ၊ ချီးမွမ်းကြ၊ လူအပေါင်းဝမ်းမြောက်စေ၊

သားတော်ယေရှုအားဖြင့်ခမည်းတော်ထံလာ၊

အံ့ဖွယ်မှုများတွက်မြတ်ဘုရားချီးမွမ်းပါ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs