1. Songs

255. ယုံကြည်ခြင်းသည် အောင်မြင်ခြင်းတည်း

Myanmar Hymn

Verse 1

အလင်းတော်၏ ကမ်းပါးယံ၌ ခရစ်ယာန်စစ်သည်တော်များ၊

စခန်းချလျက် တပ်စွဲနေပါ တောင်အောက်ရန်သူများကို

အားကုန်သွန်လျက် ချီတက်တိုက်ကြ၊ လင်းရောင်ရှိချိန် တိုက်ပါ၊

ယုံကြည်ခြင်းသည် အောင်မြင်ခြင်းတည်း၊ လောကကို အောင်ခြင်းတည်း။

Chorus 1

ယုံခြင်းဖြင့် အောင်မြင်သည် ယုံခြင်းဖြင့် အောင်မြင်သည်

ဤလောကကို အောင်နိုင်သည်၊ ကြီးစွာသော အောင်ခြင်းတည်း။

Verse 2

မေတ္တာတော်သည် ငါတို့အလံ၊ နှုတ်ကပတ်တော်ကား၊ ဓါး

သန့်ရှင်းသူတို့ ခြေရာလျှောက်လျက် ဝမ်းမြောက်စွာ ကြွေးကြော်ပါ၊

လျင်မြန်လှသော လေဗွေကဲ့သို့ ရန်သူရှိရာ ဝင်ကြ၊

သေခြင်းကို အောင်သော ယုံခြင်းဖြင့် ရန်သူကို အောင်မြင်ပါ။

Chorus 3

ယုံခြင်းဖြင့် အောင်မြင်သည် ယုံခြင်းဖြင့် အောင်မြင်သည်

ဤလောကကို အောင်နိုင်သည်၊ ကြီးစွာသော အောင်ခြင်းတည်း။

Verse 4

ကြောက်ဖွယ်မာရ်နတ်စစ်သည် အများ၊ နေရာအနှံ့ရောက်လာ၊

သို့ကြောင့် ဘုရားလက်နက်စုံကို၊ အသင့်တပ်ဆင်၍ ထား

ကယ်တင်ခြင်းသံ ခမောက်ကိုဆောင်၊ သစ္စာခါးပန်းကို စည်း၊

မြေကြီးတုန်လှုပ်ပဲ့တင်ထပ်မျှ၊ ကြွေးကြော် အော်ဟစ်ကုန်ကြ။

Chorus 5

ယုံခြင်းဖြင့် အောင်မြင်သည် ယုံခြင်းဖြင့် အောင်မြင်သည်

ဤလောကကို အောင်နိုင်သည်၊ ကြီးစွာသော အောင်ခြင်းတည်း။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs