1. Songs

၂၅၀။ ကယ်တင်ရှင်နောက်တော်လိုက်ပါမည်ကျူး

Myanmar SDA Hymnal

Verse 1

ကယ်တင်ရှင်နောက်တော်လိုက်ပါမည်၊

အရပ်ရပ်သို့ရောက်သော်လည်း၊

ကြွသောလမ်းရှိသမျှလိုက်မည်၊

သခင်နောက်တော်လိုက်ပါမည်။

Chorus 1

ကယ်တင်ရှင်နောက်တော်လိုက်ပါမည်၊

ကျွန်ုပ်တွက်သွေးတော်သွန်းပြီ၊

လူအပေါင်းစွန့်ပစ်ငြားသော်လည်း၊

ကျေးဇူးတော်ဖြင့်လိုက်ပါမည်။

Verse 2

လမ်း၌ကျောက်ခဲဆူးတွေ့သော်လည်း၊

ပင်လယ်ကဲ့သို့ခြေရာကင်း၊

ဤလမ်းကိုကိုယ်တော်လျှောက်သတည်း၊

နောက်တော်သို့ဝမ်းမြောက်စွာချဉ်း။

Chorus 3

ကယ်တင်ရှင်နောက်တော်လိုက်ပါမည်၊

ကျွန်ုပ်တွက်သွေးတော်သွန်းပြီ၊

လူအပေါင်းစွန့်ပစ်ငြားသော်လည်း၊

ကျေးဇူးတော်ဖြင့်လိုက်ပါမည်။

Verse 4

ဒုက္ခသွေးဆောင်စုံစမ်းပါစေ၊

ကျွန်ုပ်များစွာတွေ့သော်လည်း၊

သွေးဆောင်ခံတော်မူခြင်းအောက်မေ့၊

သာယာစွာနောက်တော်လိုက်မည်။

Chorus 5

ကယ်တင်ရှင်နောက်တော်လိုက်ပါမည်၊

ကျွန်ုပ်တွက်သွေးတော်သွန်းပြီ၊

လူအပေါင်းစွန့်ပစ်ငြားသော်လည်း၊

ကျေးဇူးတော်ဖြင့်လိုက်ပါမည်။

Verse 6

ငါသည်ညှဉ်းဆဲဒုက္ခလမ်းတွင်၊

ဆင်းရဲစွန့်ပစ်ခြင်းခံစဉ်၊

ကိုယ်တော်နောက်ခိုကိုးရာမဲ့ငြား၊

ကိုယ်တော်နောက်သာလိုက်ပါမည်။

Chorus 7

ကယ်တင်ရှင်နောက်တော်လိုက်ပါမည်၊

ကျွန်ုပ်တွက်သွေးတော်သွန်းပြီ၊

လူအပေါင်းစွန့်ပစ်ငြားသော်လည်း၊

ကျေးဇူးတော်ဖြင့်လိုက်ပါမည်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs