1. Songs

၂၇။ နားထောင်ကောင်းကင်သား ကြွေးကြော်ကျူး

Myanmar SDA Hymnal

Verse 1

နားထောင်ကောင်းကင်သား ကြွေးကြော်၊

ခုဖွားမြင်ဘုရင့်ဘုန်းတော်၊

ကမ္ဘာပေါ်တွင်ငြိမ်သက်စေ၊

ကောင်းကင်တွင်ဘုန်းကြီးစေသော်၊

အပြစ်ရှိသူများချမ်းသာ၊

ရွှင်လန်းဝမ်းသာဖူးတွေ့မှာ။

ဗက်လင်မြို့တွင်ကယ်တင်ရှင်၊

ဖွားမြင်ပြီကျွန်ုပ်တို့ရှင်၊

နားထောင်ကောင်းကင်သားကြွေးကြော်၊

ခုဖွားမြင်ဘုရင့်ဘုန်းတော်။

Verse 1

ကောင်းကင်ဘုံသားတို့ဘုရင်၊

ထာဝရခရစ်တော်ရှင်၊

ချိန်တန်ကာလဆင်းသက်ပေ၊

ကညာဝမ်း၌ကိန်းအောင်းလေ၊

လူဇာတိကိုယ်တော်မြတ်ဆောင်၊

ကယ်တင်အံ့ငှါလူတို့ဘောင်။

ဧမာနွေလဆင်းသက်ပြီ၊

လူတို့တွင်တည်တော်မူသည်၊

နားထောင်ကောင်းကင်သား ကြွေးကြော်၊

ခုဖွားမြင်ဘုရင့်ဘုန်းတော်။

Verse 2

ကောင်းကင်ဖွားငြိမ်သက်အရှင်၊

တရားမင်းဘုန်းကြီးဘုရင်၊

အလင်းအသက်စည်းစိမ်မျိုး၊

မာရ်ငါးပါးကင်းစင်တန်ခိုး၊

ပေးပိုင်ရှင်သခင်မြတ်သည်၊

လူများတွင်သေခြင်းမတည်။

ကင်းစိမ့်သောငှါကောင်းကင်မှ၊

ဆင်းသက်သည်းခံဖွားမြင်ရ၊

နားထောင်ကောင်းကင်သား ကြွေးကြော်၊

ခုဖွားမြင်ဘုရင့်ဘုန်းတော်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs