1. Songs

131. ချစ်ခြင်းကျူး

Myanmar Hymn

Verse 1

ငယ်စဉ်ကပင် တရားမရှာ၊ အပြစ်မျိုးမျိုးနှင့်သာ၊

ပျော်မွေ့လျက်နှင့် နှစ်ပေါင်းများစွာ နေမိပါပြီတကား။

Chorus 1

အိုချစ်ခြင်း အံ့ဩဖွယ်ရာ၊ ကောင်းကင်ဘုံ စွန့်ကြွလာ၊

အသေခံပြီ လူတို့ ကိုယ်စား၊ ကရာနီကုန်းပေါ်မှာ။

Verse 2

ထိုကဲ့သို့ပင် အရှင်ဘုရား၊ ယုတ်ညံ့သော သစ်တိုင်မှာ

ပြစ်ကင်းသန့်ရှင်း ယေရှုရှင်အား ရိုက်ထားပါပြီတကား။

Chorus 3

အိုချစ်ခြင်း အံ့ဩဖွယ်ရာ၊ ကောင်းကင်ဘုံ စွန့်ကြွလာ၊

အသေခံပြီ လူတို့ ကိုယ်စား၊ ကရာနီကုန်းပေါ်မှာ။

Verse 4

ထိုသို့ ခံရသော နေ့ရက်မှာ၊ ဓါးပြစကားကြားရ၊

နိုင်ငံတော်ကို သိမ်းသောအခါ ကျွန်ုပ်ကို အောက်မေ့ပါ။

Chorus 5

အိုချစ်ခြင်း အံ့ဩဖွယ်ရာ၊ ကောင်းကင်ဘုံ စွန့်ကြွလာ၊

အသေခံပြီ လူတို့ ကိုယ်စား၊ ကရာနီကုန်းပေါ်မှာ။

Verse 6

သခင်ယေရှု မိန့်လေသည်ကား၊ ယနေ့ငါနှင့် တူစွာ၊

ပရဒိဘုံ ဘုရားထံပါး ရောက်မည်မခွဲမခွါ။

Chorus 7

အိုချစ်ခြင်း အံ့ဩဖွယ်ရာ၊ ကောင်းကင်ဘုံ စွန့်ကြွလာ၊

အသေခံပြီ လူတို့ ကိုယ်စား၊ ကရာနီကုန်းပေါ်မှာ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs