1. Songs

180. ယေရှုကျွန်ုပ်လာသည်ကျူး

Myanmar Hymn

Verse 1

ချည်နှောင်ခြင်းနှင့် ဝမ်းနည်းခြင်းထဲက

ကိုယ်တော်ထံသို့ ကျွန်ုပ်လာသည်၊

လွတ်လပ်ခြင်းနှင့် ဝမ်းသာြခင်းထဲသို့

ယေရှု ကျွန်ုပ်လာပြီ၊

ဤရောဂါက ကျန်းမာခြင်း မြတ်သို့၊

ဆင်းရဲခြင်းမှ၊ ဝပြောခြင်းရဖို့၊

ဒုစရိုက်များက ကိုယ်တော်ထံသို့၊

ယေရှု ကျွန်ုပ်လာပြီ။

Verse 1

အလွန်ရှက်ကြောက်ဖွယ် ဆုံးရှုံးခြင်းက၊

ကိုယ်တော်ထံသို့ ကျွန်ုပ်လာသည်၊

တိုင်တော်ဖြင့် ရသော အောင်မြင်ခြင်းသို့၊

ယေရှု ကျွန်ုပ်လာပြီ၊

ခံရသော ဒုက္ခဝေဒနာမှ၊

ကိုယ်တော်၏ ငြိမ်သက်ဝမ်းသာခြင်းသို့၊

ငိုကြွေးခြင်းမှ သီချင်းဆိုဖို့ရာ၊

ယေရှု ကျွန်ုပ်လာပြီ။

Verse 2

လောဘ၊ မာန၊ ထောင်လွှားခြင်းထဲမှ၊

ကိုယ်တော်ထံသို့ ကျွန်ုပ်လာသည်၊

အလိုတော်ကို အစဉ်လိုက်ဘို့ရာ၊

ယေရှု ကျွန်ုပ်လာပြီ၊

ကျွန်ုပ်စိတ်ပျက်ခြင်း၊ အားလျော့ခြင်းမှ၊

ကိုယ်တော်မဟာမေတ္တာတော်ထဲသို့၊

ချိုးငှက်ကဲ့သို့ ပျံတက်နေဖို့ရာ၊

ယေရှု ကျွန်ုပ်လာပြီ။

Verse 3

ကြောက်မက်ဖွယ်သော သင်္ချိုင်းတွင်းထဲက၊

ကိုယ်တော်ထံသို့ ကျွန်ုပ်လာသည်၊

ကောင်းကင် အလင်း သုခချမ်းသာသို့၊

ယေရှု ကျွန်ုပ်လာပြီ၊

တိုင်းမသိသော ပျက်စီးခြင်းထဲက၊

လုံခြုံစွာ ကိုယ်တော်၏ သိုးခြံမှာ၊

မျက်နှာတော်ကို ဖူးမျှော်နေဖို့ရာ၊

ယေရှု ကျွန်ုပ်လာပြီ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs