1. Songs

154. ယေရှုဘို့ သင်၌ နေရာအခန်းရှိသလားကျူး

Myanmar Hymn

Verse 1

သင့်ပြစ်ဝန်ထုပ်ခံသောအရှင်၊ နေရန် အရပ်ရှိသလား၊

ခေါက်လျက် ဝင်ရန်ခွင့်တောင်းနေစဉ်၊ ပြစ်ရှိသူ လက်ခံမည်လား။

Chorus 1

ဘုန်းကြီးဘုရင် ယေရှုရှင်ဖို့ နေရန် အခန်းခုပြင်လေ၊

စိတ်နှလုံးတံခါးကျယ်စွာ ဖွင့်ချိန်ရှိစဉ်ဝင်ရန် တောင်းပန်။

Verse 2

ပျော်ပါးခြင်းနှင့် စီးပွားရေးသာ၊ သင့်စိတ်တွင် နေရာရှိပေ၊

သင့်တွက် သေခံရှင်သခင်အား၊ နေရာ သင်သည် ဖွင့်မပေး။

Chorus 3

ဘုန်းကြီးဘုရင် ယေရှုရှင်ဖို့ နေရန် အခန်းခုပြင်လေ၊

စိတ်နှလုံးတံခါးကျယ်စွာ ဖွင့်ချိန်ရှိစဉ်ဝင်ရန် တောင်းပန်။

Verse 4

ကျေးဇူးတော်နှင့် ခေါ်စဉ်ခါ၊ ယေရှုဖို့ ချိန်ရှိသလား၊

ယနေ့လက်ခံရာနေ့ ဖြစ်ပါ၊ နက်ဖြန်တိုင်အောင် မဆိုင်းရာ။

Chorus 5

ဘုန်းကြီးဘုရင် ယေရှုရှင်ဖို့ နေရန် အခန်းခုပြင်လေ၊

စိတ်နှလုံးတံခါးကျယ်စွာ ဖွင့်ချိန်ရှိစဉ်ဝင်ရန် တောင်းပန်။

Verse 6

ကျေးဇူးတော်နေ့လွန် မသွားခင်၊ နေရာအချိန်ကို ဆက်သ၊

မကြာခင်သင့် စိတ်ခိုင်မာလျှင် တောင်းပန်သံကို သင်မကြား။

Chorus 7

ဘုန်းကြီးဘုရင် ယေရှုရှင်ဖို့ နေရန် အခန်းခုပြင်လေ၊

စိတ်နှလုံးတံခါးကျယ်စွာ ဖွင့်ချိန်ရှိစဉ်ဝင်ရန် တောင်းပန်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs