1. Songs

79. ဖွားမြင်တော်မူခြင်းကျူး

Myanmar Hymn

Verse 1

လယ်ပြင်ထဲ၌ ချမ်းအေးသော ညတွင် သိုးထိန်းများတို့ ထိန်းကြစဉ်၊

ယေရှု အရှင်ဖွားတော်မူကြောင်းကို

ကောင်းကင်သားတို့ သီချင်းဖွဲ့ဆို၊

Chorus 1

ဖွားတော်မူပြီ၊ ဖွားတော်မူပြီ၊

ဣသရေလ ဘုရားပေတည်း။

Verse 2

မော်ကြည့်ကြလျှင် ကောင်းကင်ကြယ်ကို မြင်

ရှေ့ရပ်ထက်ခွင် ထွန်းတောက်ကြည်လင်၊

မြေကြီးပေါ်တွင် လင်းရောင်များပေးလေ၊ နေ့ညမပြတ် ဆက်လက်ထွန်းပေ။

Chorus 3

ဖွားတော်မူပြီ၊ ဖွားတော်မူပြီ၊

ဣသရေလ ဘုရားပေတည်း။

Verse 4

ထိုကြယ်ရောင်ခြည် အမှီပြု၍သာ၊ ပညာရှိတို့ ဝေးရပ်မှလာ

မင်းမြတ်တစ်ပါး ဖူးတွေ့အံ့သောငှာ၊

ထိုကြယ်သွားရာ သူတို့ လိုက်လာ။

Chorus 5

ဖွားတော်မူပြီ၊ ဖွားတော်မူပြီ၊

ဣသရေလ ဘုရားပေတည်း။

Verse 6

အနောက်အမြောက်ရပ် ဤကြယ်တော်ချဉ်းကပ်၊

ဗက်လင်မြို့တော်အရပ်ပေါ်မှာ၊

ငြိမ်သက်လှစွာ ကြယ်တော်မြတ်တည်နေ၊ ယေရှုရှိရာ ဌာနဖြစ်ပေ။

Chorus 7

ဖွားတော်မူပြီ၊ ဖွားတော်မူပြီ၊

ဣသရေလ ဘုရားပေတည်း။

Verse 8

ပညာရှိများ ကိုယ်တော်ထံဝင်လာ၊ ရိုသေလှစွာ ဒူးထောက်၍သာ၊

သူတို့ လောဗန်၊ မုရန်နှင့် ရွှေ ငွေ၊

ကိုယ်တော်ြမတ်အား ပူဇော်ကြပေ။

Chorus 9

ဖွားတော်မူပြီ၊ ဖွားတော်မူပြီ၊

ဣသရေလ ဘုရားပေတည်း။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs