1. Songs

239. ကိုယ်တော်ဘက်မှာ ဘယ်သူရှိသနည်းကျူး

Myanmar Hymn

Verse 1

ကိုယ်တော်ရှင်၏ ဘက်မှာ မှုတော်ဆောင်ခြင်းငှါ၊

အသက်ကယ်တင်ဖို့ရာ၊ ဘယ်သူရှိသနည်း၊

ရန်သူကို ခုခံရန် ဘယ်သူရှိသနည်း။

စေခိုင်းရာသို့ သွားဖို့ ဘယ်သူရှိသနည်း၊

ကရုဏာတော် မေတ္တာ ကျေးဇူးတော်ကြောင့်သာ၊

ကိုယ်တော်ရှင်၏ ဘက်မှာ ကျွန်ုပ်တို့ ရှိသည်။

Verse 1

တပ်တော်ထဲ ဝင်သောခါ ဂုဏ်စည်းစိမ်ချမ်းသာ၊

ခံစားလိုသောကြောင့်သာ၊ စစ်သားမလုပ်ပါ၊

ကိုယ်တော်ရှင်၏တွက်တာ၊ မေတ္တာနှင့်မစ၊

နာမတော်ခံသူသည် ကိုယ်တော်ဘက်သားတည်း၊

ကိုယ်တော်ရှင်၏ မေတ္တာ၊ ကျေးဇူးတော်ကြောင့်သာ၊

ကိုယ်တော်ရှင်၏ ဘက်မှာ ကျွန်ုပ်တို့ ရှိသည်။

Verse 2

ရန်သူသည် ခွန်အားကြီး၊ စစ်ပြင်းထန်သော်လည်း၊

ဘုရင့်တပ်တော်မြတ်သည်၊ ရှုံးခြင်းမရှိပြီ၊

အလံတော်မြတ်အောက်မှာ၊ ဧကန်အောင်မြင်ရာ၊

မြဲမြံသစ္စာတော်သည် အောင်မြင်စေလိမ့်မည်၊

ဝမ်းမြောက်ဝမ်းသာလှစွာ၊ ကျေးဇူးတော်ကြောင့်သာ၊

ကိုယ်တော်ရှင်၏ ဘက်မှာ ကျွန်ုပ်တို့ ရှိသည်။

Verse 3

ရန်သူနိုင်ငံထဲမှာ စစ်ဗိုလ်ကြီးအောက်မှာ၊

စစ်သားဖြစ်စိမ့်သောငှာ၊ ရွေးကောက်ခြင်းခံရ၊

မှုတော်ဆောင်ရွက် စဉ်ခါ၊ စိတ်အားသန်စေပါ၊

သစ္စာနှင့် ရဲရင့်စွာ မှုတော်ဆောင်သင့်ပါ၊

ကိုယ်တော်ရှင် စောင့်မပါ၊ ကျေးဇူးတော်ကြောင့်သာ၊

ကိုယ်တော်ရှင်၏ ဘက်မှာ ကျွန်ုပ်တို့ ရှိသည်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs