1. Songs

၁၁၇။ မိုးပွင့်ထက်ဖြူမည်ကျူး

Myanmar SDA Hymnal

Verse 1

လောကီသားတို့အားထင်ရှားသော၊

သွေးစမ်းတွင်မင်္ဂလာရှိ၏၊

သားတော်၌ဩဘာဖြစ်စေလော့၊

ဒဏ်ရာတော်ဖြင့်အနာငြိမ်း၏၊

သိုးခြံတော်မှဝေးစွာခွာစဉ်၊

ဝမ်းနည်းခြင်းဒုက္ခခံသော်လည်း၊

သိုးငယ်သွေးတော်နှင့်ဆေးကြောလျှင်၊

ကျွန်ုပ်မိုးပွင့်ထက်ဖြူလိမ့်မည်။

Chorus 1

မိုးပွင့်ထက်ဖြူမည်၊ မိုးပွင့်ထက်ဖြူမည်၊

သိုးငယ်သွေးတော်နှင့်ဆေးကြောသည်၊

ကျွန်ုပ်မိုးပွင့်ထက်ဖြူလိမ့်မည်။

Verse 2

ဆောင်းတော်မူဦးရစ်ဆူးဖြစ်ပေ၊

ကပ်တိုင်ခန္ဓာတော်ကိုအောင်ရာ၊

ပြင်းစွာဒုက္ခခံတော်မူလေ၊

ထိုဒုက္ခချည်းနှီးမဟုတ်ပါ၊

အပြစ်စင်ကြယ်စေရန်ဖြစ်စေ၊

စမ်းတွင်းတော်သို့ပို့ဆောင်မူမည်၊

သွန်းသောသွေး၌ကျွန်ုပ်ဆေးကြော၊

ကျွန်ုပ်မိုးပွင့်ထက်ဖြူလိမ့်မည်။

Chorus 3

မိုးပွင့်ထက်ဖြူမည်၊ မိုးပွင့်ထက်ဖြူမည်၊

သိုးငယ်သွေးတော်နှင့်ဆေးကြောသည်၊

ကျွန်ုပ်မိုးပွင့်ထက်ဖြူလိမ့်မည်။

Verse 4

အဖထံတော်မှလမ်းလွဲအောင်၊

ကြိမ်ဖန်များစွာကျုပ်စိတ်လေငြား၊

ပြစ်များအလွန်နီသောအရောင်၊

ရေအားဖြင့်မဖြူနိုင်တကား၊

ယေရှုကိုယ်တော်စမ်းရေတွင်းသို့၊

ကတိတော်အားကိုးလျက်သွားသည်၊

တန်ခိုးတော်ဖြင့်စင်ကြယ်စေဖို့၊

ကျွန်ုပ်မိုးပွင့်ထက်ဖြူလိမ့်မည်။

Chorus 5

မိုးပွင့်ထက်ဖြူမည်၊ မိုးပွင့်ထက်ဖြူမည်၊

သိုးငယ်သွေးတော်နှင့်ဆေးကြောသည်၊

ကျွန်ုပ်မိုးပွင့်ထက်ဖြူလိမ့်မည်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs