1. Songs

287. ယေရှုသာလျှင် အလိုဖြည့်နိုင်ကျူး

Myanmar Hymn

Verse 1

အိုယေရှုရှင် ကျွန်ုပ်ဝိညာဉ်၊ ကိုယ်တော်မြတ်အားဖြင့်သာ၊

ကြာမြင့်စွာ ရှာသော ဝမ်းသာခြင်း၊ နှစ်သိမ့်ခြင်းတွေ့ရပါ။

Chorus 1

ယေရှုအပြင် ခုဘယ်သူမျှ အလိုမပြည့်စေနိုင်၊

ချစ်ခြင်း အသက်၊ မြဲရွှင်မြူးရာ၊ ကိုယ်တော်အားဖြင့် ရပြီ။

Verse 2

စိတ်ချမ်းသာခြင်းကို ရှာစဉ်တွင် ကိုယ်တော်ကို မေ့လျော့သည်၊

ကယ်တင်ရှင်မြတ်ကို ငြင်းပယ်စဉ်၊ မေတ္တာတော် သွေးဆောင်၏။

Chorus 3

ယေရှုအပြင် ခုဘယ်သူမျှ အလိုမပြည့်စေနိုင်၊

ချစ်ခြင်း အသက်၊ မြဲရွှင်မြူးရာ၊ ကိုယ်တော်အားဖြင့် ရပြီ။

Verse 4

လောကီစည်းစိမ် နှစ်သက်ခြင်းဖြင့်၊ ကျွန်ုပ်စိတ်အေး စိမ့်ငှါ၊

အထူးသဖြင့် ကြိုးစားစဉ်တွင် စိတ်ပျက်ခြင်းသာတွေ့ရ။

Chorus 5

ယေရှုအပြင် ခုဘယ်သူမျှ အလိုမပြည့်စေနိုင်၊

ချစ်ခြင်း အသက်၊ မြဲရွှင်မြူးရာ၊ ကိုယ်တော်အားဖြင့် ရပြီ။

Verse 6

ယေရှုချစ်ဖွယ် ကောင်းခြင်းဖူးရန်၊ ကျေးဇူးမခံမီက၊

ပျောက်သော ပျော်မွေ့ခြင်း စိတ်စွဲလန်း၊ ကိုယ်တော်ကို မတောင့်တ။

Chorus 7

ယေရှုအပြင် ခုဘယ်သူမျှ အလိုမပြည့်စေနိုင်၊

ချစ်ခြင်း အသက်၊ မြဲရွှင်မြူးရာ၊ ကိုယ်တော်အားဖြင့် ရပြီ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs