1. Songs

153. အားပေးကျူး

Myanmar Hymn

Verse 1

ကိုယ်ပြစ်ကို မြင်၊ ပင်ပန်းသောသူ၊ မျှော်လင့်စိတ်ယူ တိုးလာ၊

ကြောက်ရွံ့တုန်လှုပ်တွေးတောသောသူ၊ ဤသို့ သဘောထားပါ။

Verse 1

ငါ၏ အပြစ်ကြီးလေးသော်လည်း၊ ကျေးဇူးရှင် ယေရှုရှိ၊

အဆီးအတားရှိရှိ အောင်လျက်၊ တံတိုင်းတော်ထဲ ဝင်မည်။

Verse 2

ပလ္လင်တော်ရှေ့ ပျပ်ဝပ်ရှိခိုး၊ အပြစ်ထုတ်ဖော် တောင်းပန်၊

ကရုဏာတော်မပြမူလို၊ အကျိုးနည်းပြီ၊ လျှောက်အံ့။

Verse 3

ရွှေမျက်နှာတော် ရောင်ခြည်ခိုဝင်၊ ကျေးဇူးရှင်ပါးကပ်မည်၊

ရာဇလှံတံတော်ဆန့်မူလျှင်၊ ပြစ်ရှိသမျှ လွတ်ပြီ။

Verse 4

ငါဆက်ကပ်တင်သော ပတ္တနာ၊ နားညောင်းတော်မူ ကောင်းလေ၊

ငါဆုံးရှုံးခြင်းသို့ ရောက်ဉီး၊ ခြေရင်းတော်၌ ရှုံးစေ။

Verse 5

ငါဝင်လေလျှင်၊ ရှုံးရုံခံရ၊ ဝင်စမ်းမည်၊ စိတ်ထားပြီ၊

မဝင်ဝံ့ဘဲ၊ အဝေးနေသော်၊ အမြဲ ဆုံးရှုံးသတည်း။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs