1. Songs

323. ဉပုသ်တော်နေ့တွက် အားရခြင်းကျူး

Myanmar Hymn

Verse 1

ကျေးဇူးရှင် ပို့ဆောင်သောကြောင့်၊ ဘေးကင်း၍ ဉပုသ်ပြန်လာ၊

ဤနေ့မှာ ဆုတောင်းရအောင်၊ ဗိမာန်တော်၌ စည်းဝေးကြ၊

နေ့အပေါင်းတို့တွင် ကောင်းဆုံး၊ ထာဝရ ငြိမ်သက်ခြင်းပုံ၊

နေ့အပေါင်းတို့တွင် ကောင်းဆုံး၊ ထာဝရ ငြိမ်သက်ခြင်းပုံ။

Verse 1

ရွေးနှုတ်ရှင်အမှီပြု၍ ပြစ်လွှတ်ခြင်းခွင့်ရှာစဉ်ခါ၊

မျက်နှာတော် ပြတော်မူလေ၊ ရှက်ကြောက်ဘွယ်ရာများ ပယ်ရှား၊

ဤနေ့၌ သောကကင်းစင်၊ ကိုယ်တော်မြတ် ငြိမ်သက်ခြင်းရှင်၊

ဤနေ့၌ သောကကင်းစင်၊ ကိုယ်တော်မြတ် ငြိမ်သက်ခြင်းရှင်။

Verse 2

နာမတော်ချီးမွမ်းရအောင်၊ ဗိမာန်တော်၌ စုသောခါ၊

ကိုယ်တော်သည် ဧကန်ရှိကြောင်း ဘုန်းတော်ဖြင့် ထင်ရှားစေပါ၊

ထာဝရကောင်းကျိုးချမ်းသာ၊ သည်မှာ မြည်းစမ်းချင်ဘုရား၊

ထာဝရကောင်းကျိုးချမ်းသာ၊ သည်မှာ မြည်းစမ်းချင်ဘုရား။

Verse 3

ဝမ်းမြောက်ဘွယ်သိတင်းတရား၊ ဆိုးသူ ကောင်းသူကြားသဖြင့်၊

ကျေးဇူးတော်အမျိုးမျိုး ပွားဆင်းရဲဒုက္ခများ ပယ်ရှား၊

ထိုသို့ ဉပုသ်စောင့်ကြကုန်၊ ကောင်းကင်ဘုံရောက်မှ လမ်းဆုံး၊

ထိုသို့ ဉပုသ်စောင့်ကြကုန်၊ ကောင်းကင်ဘုံရောက်မှ လမ်းဆုံး။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs