1. Songs

၁၂၆။ မေတ္တာနှောင်ဖွဲ့ခြင်းများကျူး

Myanmar SDA Hymnal

Verse 1

ခရစ်ယာန်ညီကိုချင်း၊

မေတ္တာနှောင်ဖွဲ့ခြင်းများ၊

ကောင်းကင်ဘုံသားများနှင့်ချစ်ခြင်း၊

ညီညွတ်တူလှတကား။

Verse 1

အဖပလ္လင်ရှေ့တွင်၊

ဆုမင်္ဂလာတောင်းကြ၊

ကြောက်ရွံ့ကြံရွယ်နှစ်သိမ့်မျှော်လင့်၊

တစ်ခုတည်းသာရှိကြ။

Verse 2

ဒုက္ခဝန်ဝေမျှလျက်၊

အချင်းချင်းဆောင်ရွက်ခြင်း၊

မကြာမကြာတစ်ဦးအတွက်၊

ကြင်နာမျက်ရည်ယိုဆင်း။

Verse 3

ချစ်မိတ်ဆွေနှင့်ခွဲခွါ၊

ဝမ်းနည်းစိတ်ပူခြင်းရှိ၊

သို့သော်တစ်ဖန်တွေကြုံခြင်းငှါ

မျှော်လင့်စိတ်အေးခြင်းရှိ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs