1. Songs

၁၇၇။ စုရုံးခြင်းသည်ဘယ်လောက်ကြီးကျယ်လိမ့်မည်နည်းကျူး

Myanmar SDA Hymnal

Verse 1

တံပိုးမှုတ်လျှင်သူတော်စင်အမှန်ပင်အိမ်တွင်စုရုံးလျှင်၊

ဖန်ရေကန်နားကျွန်ုပ်သွားကာနှုတ်ဆက်မည်။

ကောင်းကင်ဘုံရှင်မြတ်ထွတ်တင်

ဘုန်းတော်တွင်ခေါ်ဖိတ်တော်မူလျှင်၊

စုရုံးခြင်းသည်ဘယ်လောက်ကြီးကျယ်လိမ့်မည်နည်း။

Chorus 1

အစုအရုံး၊ စုရုံး၊ ဝမ်းမြောက်ဝမ်းသာ

ဂျူဗလီမှာရောက်လာသည်၊

အစုအရုံး၊ စုရုံး၊ စုရုံးခြင်းသည်

ဘယ်လောက်ကြီးကျယ်လိမ့်မည်နည်း။

Verse 2

ကိုယ်တော်ကောင်းကင်သံတမန်လောက

ချိန်ကုန်ပြီဟုကြွေးကြော်၊ ထိုခါရွေးနုတ်ခံသူတို့ကို

မြင်ကြတည်း၊ ထိုခါထွန်းတောက်ကမ်းခြေစုရုံး

မသဝေတွေ့ဆုံကြလေသော်၊ စုရုံးခြင်းသည်

ဘယ်လောက်ကြီးကျယ်လိမ့်မည်နည်း။

Chorus 3

အစုအရုံး၊ စုရုံး၊ ဝမ်းမြောက်ဝမ်းသာ

ဂျူဗလီမှာရောက်လာသည်၊

အစုအရုံး၊ စုရုံး၊ စုရုံးခြင်းသည်

ဘယ်လောက်ကြီးကျယ်လိမ့်မည်နည်း။

Verse 4

အမှုဆုံးဖြတ်သောနေ့ကြီး၌ဝှက်ထားသောအရာပေါ်ကာ၊

မိမိဘုန်းအစွမ်းနှင့်ကိုယ်တော်ကိုမြင်မည်၊

ကျွန်ုပ်ကယ်တင်ရှင်ခေါ်သံကားမင်္ဂလာရှိသင်လာပါ၊

စုရုံးခြင်းသည်ဘယ်လောက်ကြီးကျယ်လိမ့်မည်နည်း။

Chorus 5

အစုအရုံး၊ စုရုံး၊ ဝမ်းမြောက်ဝမ်းသာ

ဂျူဗလီမှာရောက်လာသည်၊

အစုအရုံး၊ စုရုံး၊ စုရုံးခြင်းသည်

ဘယ်လောက်ကြီးကျယ်လိမ့်မည်နည်း။

Verse 6

ရွှေစောင်းများတီးကြ၍ကောင်းကင်သားများ

စုရုံးလျက်ကြွေးကြော် အောင်မြင်သူဂျူဗလီ

သီချင်းတီးကြမည်၊ ထိုမှာမောရှေနှင့်သိုးသငယ်

သီချင်းကိုဆိုကြလေသော်၊ စုရုံးခြင်းသည်

ဘယ်လောက်ကြီးကျယ်လိမ့်မည်နည်း။

Chorus 7

အစုအရုံး၊ စုရုံး၊ ဝမ်းမြောက်ဝမ်းသာ

ဂျူဗလီမှာရောက်လာသည်၊

အစုအရုံး၊ စုရုံး၊ စုရုံးခြင်းသည်

ဘယ်လောက်ကြီးကျယ်လိမ့်မည်နည်း။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs