275. ယေရှုကိုယ်တော်ကို ယုံကြည်မည်ကျူး
- Myanmar
- စာသား / Lyrics
- Hymn 275
Verse 1
စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို ယုံမည်၊
ပြစ်မှားလမ်းလွဲနေသော်၊ ကိုယ်တော်ကယ်တင်နိုင်ပေ၊
ကောင်းကင်မြေကြီးပေါ်မှာ နှိုင်းယှဉ်ဖွယ်မရှိ၊
ပြစ်မှားသူတွက် သေခံလျှင် ငါ့ဖို့ဖြစ်ချေ။
Chorus 1
ချစ်ခြင်း၌ တည်လျက် မျက်နှာတော်ကို ရှာမည်၊
အံဖွယ်ကရုဏာကြောင့် ကိုးကွယ်ဉီးညွတ်မည်၊
စိတ်နှလုံးအကြွင်းမဲ့၊ ကိုယ်တော်ကို ယုံမည်၊
ပြစ်မှားလမ်းလွဲနေသော် ကိုယ်တော်ကယ်နိုင်ပေ။
Verse 2
နှုတ်ကပတ်တော်ဖြင့် ကိုယ်တော်ကို ယုံနိုင်သည်၊
ကရုဏာအသံတော်မြတ် ငါကြားရပြီ၊
ဝိညာဉ်တော် သွန်သင်သော်၊ ချိုသာလှပေ၏၊
ခြေတော်ရင်း၌ ထိုင်၍ နားထောင်လိုပါသည်။
Chorus 3
ချစ်ခြင်း၌ တည်လျက် မျက်နှာတော်ကို ရှာမည်၊
အံဖွယ်ကရုဏာကြောင့် ကိုးကွယ်ဉီးညွတ်မည်၊
စိတ်နှလုံးအကြွင်းမဲ့၊ ကိုယ်တော်ကို ယုံမည်၊
ပြစ်မှားလမ်းလွဲနေသော် ကိုယ်တော်ကယ်နိုင်ပေ။
Verse 4
တွေးတောခြင်းကင်းလျက် ကိုယ်တော်ကို ယုံပါ၏၊
လာလိုသောသူတိုင်း ကိုယ်တော်မြတ် ငြင်းမပယ်၊
ကတိတော်မြတ် တည်ပေ၊ သွေးတော်ဖိုးထိုက်သည်၊
ကိုယ်တော်မြတ်သာလျှင် အကျွန်ုပ် ဝိညာဉ်ကယ်။
Chorus 5
ချစ်ခြင်း၌ တည်လျက် မျက်နှာတော်ကို ရှာမည်၊
အံဖွယ်ကရုဏာကြောင့် ကိုးကွယ်ဉီးညွတ်မည်၊
စိတ်နှလုံးအကြွင်းမဲ့၊ ကိုယ်တော်ကို ယုံမည်၊
ပြစ်မှားလမ်းလွဲနေသော် ကိုယ်တော်ကယ်နိုင်ပေ။
More Myanmar songs
- ကိုယ်တော်ရယ်ကောင်းမြတ်တယ်chords
- ဆာလံ ၂၃chords
- အထက်ကိုတက်သောမျက်ရည်chords
- ဧမာနွေလchords
- ငါသည်ဘုရားchords
- ရှူသွင်းတဲ့အသက်လေထက်chords
- အမှုသစ်ပြုပေးပြီchords
- တောင်ထိပ်၌လည်းchords
- တိုင်တော်ထက်မှာchords
- 240. ထလော့ ဘုရားသခင်၏ လူများကျူး
- လူသားအတွက်လူသား
- 375. လိုက်မည်လောကျူး
- လူတိုင်းအတွက်
- ၁၃၄။ ယေရှုရှင်ကျွန်ုပ်စိတ်တွင်ကိန်းစဉ်ကျူး
- ၃၉။ သင်္ချိုင်းတွင်းမှာလျောင်းသည်ကျူး
- 253. ကယ်တင်ရှင်နှင့် နေမည်အစဉ်ကျူး
- ၅၃။ ပြစ်သားများယေရှုလက်ခံကျူး
- 91. မြေကြီးပြင်၏ တင့်တယ်ခြင်းကျူး
- ၁၁၃။ ကျွန်ုပ်ကတိထားပေကျူး
- 7. တရားနေမင်းကျူး
- အမြဲကြိုလင့်နေမယ်
- ၉။ ကိုယ်တော်သင်နှင့်တူရှိစေသောကျူး
- ၁၅၅။ ပြောပြရန်ဝတ္ထုရှိသည်ကျူး
- 94. ယဇ်ပုရောဟိတ်မင်းယေရှုကျူး