1. Songs

၂၁၆။ ကျွန်ုပ်မြော်လင့်ခြင်းမြစ်တည်ရာကျူး

Myanmar SDA Hymnal

Verse 1

ကျွန်ုပ်မြော်လင့်ခြင်းမြစ်တည်ရာ၊

ယေရှုရှင်အသွေးတော်မြတ်သာ၊

ကျင့်ဝတ်များကိုမမှီဝံ့ပါ၊

နာမတော်ကိုသာမှီခိုရာ။

Chorus 1

ကျောက်မြဲယေရှုကျွန်ုပ်ခိုလှုံ၊

အခြားတည်ရာရှိရှိသဲနုန်း၊

အခြားတည်ရာရှိရှိသဲနုန်း။

Verse 2

ရွှေမျက်နှာတော်အလင်းကွယ်လျှင်၊

တည်မြဲကရုဏာတော်ခိုဝင်၊

လေပြင်းကျ၍လှိုင်းထလျှင်လည်း၊

ကန့်လန့်ကာထဲကျောက်စွဲနေမည်။

Chorus 3

ကျောက်မြဲယေရှုကျွန်ုပ်ခိုလှုံ၊

အခြားတည်ရာရှိရှိသဲနုန်း၊

အခြားတည်ရာရှိရှိသဲနုန်း။

Verse 4

ရေလွှမ်းအားကြီးပတ်လည်ပြိုသော်၊

ကတိပဋိညာဉ်နှင့်သွေးတော်၊

ကျွန်ုပ်ထောက်မကိုယ်တော်သာလျှင်၊

ကျွန်ုပ်မြော်လင့်မှီဝဲရာပင်။

Chorus 5

ကျောက်မြဲယေရှုကျွန်ုပ်ခိုလှုံ၊

အခြားတည်ရာရှိရှိသဲနုန်း၊

အခြားတည်ရာရှိရှိသဲနုန်း။

Verse 6

တံပိုးမှုတ်သံနှင့်ကြွမူလျှင်၊

ပလ္လင်တော်ရှေ့အပြစ်ကင်းစင်၊

ကိုယ်တော်၏ဖြောင့်မတ်ခြင်းသာဆင်၊

ကျွန်ုပ်ရပ်မည်ကိုယ်တော်ရှေ့တွင်။

Chorus 7

ကျောက်မြဲယေရှုကျွန်ုပ်ခိုလှုံ၊

အခြားတည်ရာရှိရှိသဲနုန်း၊

အခြားတည်ရာရှိရှိသဲနုန်း။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs